စတိတ်စင်ပေါ်တွင် ချော်လဲကျခဲ့တဲ့ မီဂန်ထရိန်နော်

စတိတ်စင်ပေါ်တွင် ချော်လဲကျခဲ့တဲ့ မီဂန်ထရိန်နော်

နယူးယော့ခ်၊ မေ ၁၄ ။           ။ ပေါ့ပ်ကြယ်ပွင့် မီဂန်ထရိန်နော်သည် “The Tonight Show”  ဖျော်ဖြေပွဲတွင် “Me Too” တေးသီချင်းကို သီဆိုဖျော်ဖြေနေစဉ်  သီချင်းအဆုံးတွင် ပရိတ်သတ်ဘက်သို့ မျက်နှာပြန်အလှည့်တွင် စင်ပေါ်၌ ချော်လဲကျခဲ့သည်။

အသက် ၂၂ နှစ်အရွယ်ရှိ မီဂန်ထရိန်နော်သည် mic standကို အမှီပြု၍ ဟန်ချက်ကို ထိန်းရန် ကြိုးစားခဲ့သော်လည်း ဟန်ချက်ကို ထိန်းနိုင်ခဲ့ခြင်းမရှိဘဲ စင်ပေါ်တွင် လဲကျခဲ့ခြင်းဖြစ်ကြောင်းနှင့် စီစဉ် တက်ဆက်သူ ဂျင်မီဖာလ်လွန်က ၎င်းအား ကူညီပေးရန် လာသည့်အချိန်ထိ ကြမ်းပြင်တွင် လဲနေခဲ့ သည်။

အစီစဉ်တင်ဆက်သူ ဂျင်မီဖာလ်လွန်က မီဂန်ထရိန်နော်ဘေးတွင် ၎င်းပါ လဲလျောင်းကာ မီဂန် ထရိန်နော်၏ လဲကျခဲ့သည့် ဖြစ်ရပ်ကို ဟာသအဖြစ် အကောင်းဆုံး ပြောင်းလဲလုပ်ဆောင်ခဲ့သည်။ ယင်းနောက် ထရိန်နော်သည် ဖာလွန်နှင့်အတူ လဲကျနေရာမှ ပြန်ထခဲ့ရာ ပရိတ်သတ်များက လက်ခုပ်သြဘာတီးကာ အားပေးခဲ့သည်။

မီဂန်ထရိန်နော်သည် ယခုသီတင်းပတ် အစောပိုင်းက ၎င်း၏ နာမည်ကျော်ကြားသော “Me Too” တေးသီချင်းကို ဗီဒီယိုရိုက်ကူးရာတွင် ၎င်း၏ခါးကို သေးငယ်အောင်လုပ်ထားပြီး ခန္ဓာကိုယ်ကို လည်း သွယ်လျအောင် photoshop ဖြင့် ပြုလုပ်ထားခဲ့ခြင်းကြောင့် ယင်းဗီဒီယိုကို ဖယ်ရှားခဲ့သည်။

“ကျွန်မရဲ့ခါးက သေးသေးသွယ်သွယ်လေး မဟုတ်ပါဘူး။ ကျွန်မရဲ့ သေးသွယ်မနေတဲ့ ခါးကို ပရိတ်သတ်တွေ ဘာကြောင့် ကြိုက်လည်းဆိုတာတော့ ကျွန်မ မသိဘူး။ ဒီဗီဒီယိုမှာ ကျွန်မရဲ့ခါးကို သေးသွယ်အောင် လုပ်ထားတယ်။ ဒါကြောင့် ကျွန်မ စိတ်ကသိကအောက် ဖြစ်ခဲ့ရတယ်။ အဲ့ဒီအတွက် ကျွန်မ တေးသီချင်းဗီဒီယိုကို ဖယ်ရှားခဲ့တာပါ” ဟု မီဂန်ထရိန်နော်ကက Snapchat မှတစ်ဆင့် ပရိတ်သတ်များကို ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly