B2M Entertainment မန်နေဂျာဟောင်း ငွေအလွဲသုံးစားလုပ်မှုအတွက် ထောင်ဒဏ် ချမှတ်ခံရ

B2M Entertainment မန်နေဂျာဟောင်း ငွေအလွဲသုံးစားလုပ်မှုအတွက် ထောင်ဒဏ် ချမှတ်ခံရ

ဆိုးလ်၊ မေ ၁၄ ။           ။ တောင်ကိုရီးယား အနုပညာအေဂျင်စီ တစ်ခုဖြစ်သော B2M Entertainment အေဂျင်စီ မန်နေဂျာဟောင်း ငွေအလွဲသုံးစားလုပ်မှုကြောင့် ထောင်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။

အသက် ၃၆ နှစ်အရွယ်ရှိ မျိုးရိုးအမည် ဂျန်သည် ယခင်က အထွေထွေမန်နေဂျာအဖြစ် B2M Entertainment အေဂျင်စီတွင် လုပ်ကိုင်ခဲ့ဖူးကြောင်းနှင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အီရစ်ခ်နမ်၊  SS501 အဖွဲ့ဝင် ဟိုယောင်ဆောင်နှင့် SPICA အဖွဲ့အပါအဝင် B2M နှင့် အလုပ်လုပ်နေသော အနုပ ညာရှင်များထံမှ အကျိုးအမြတ်များကို အလွဲသုံးစားပြုမှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။

ဂျန်သည် ၎င်း၏ ဘဏ်အကောင့်မှတစ်ဆင့် ငွေပေးချေမှုကို လက်ခံခဲ့ပြီး ကိုယ်အကျိုးအတွက် အသုံးပြုခဲ့သည်။ ဂျန်သည် ၂၀၁၄ စက်တင်ဘာလက အခြားသော ကိစ္စရပ်ရှစ်ခုတွင် ဝမ်ငွေ ၈၅ သန်း အလွဲသုံးစားလုပ်မှုဖြင့်လည်း စွဲချက်တင်ခံထားရသည်။ ဆိုးလ်ခရိုင်တရားရုံးချုပ်က  ကုမ္ပဏီ၏ ငွေကြေးကို အလွဲသုံးစားလုပ်မှုဖြင့် ထောင်ဒဏ် ရှစ်လကျခံစေရန် မေ ၁၃ ရက်က အမိန့်ထုတ်ပြန်ခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly