လီမင်ဟို ပါဝင်သရုပ်ဆောင်ထားသော “Bounty Hunters” ရုပ်ရှင်ကား တရုတ်နိုင်ငံတွင် ဇူလိုင် ၁ ရက်နေ့ ပွဲဦးထွက် ပြသမည်

လီမင်ဟို ပါဝင်သရုပ်ဆောင်ထားသော “Bounty Hunters” ရုပ်ရှင်ကား တရုတ်နိုင်ငံတွင် ဇူလိုင် ၁ ရက်နေ့ ပွဲဦးထွက် ပြသမည်

ဆိုးလ်၊ မေ ၁၄ ။              ။ တောင်ကိုရီးယားမင်းသား လီမင်ဟို ပါဝင်သရုပ်ဆောင်ထားသော “Bounty Hunters” ရုပ်ရှင် ကားကို တရုတ်နိုင်ငံ၌ ဇူလိုင် ၁ ရက်တွင် ပွဲဦးထွက် ပြသသွားမည် ဖြစ်သည်။

တောင်ကိုရီးယား- တရုတ် ပူးပေါင်းရိုက်ကူးထားသော “Bounty Hunters” ရုပ်ရှင်ကားကို မူလက ဇွန်လလယ်တွင် ထုတ်လွှင့်ပြသရန် ရည်ရွယ်ထားသော်လည်း ရုပ်ရှင်ကားကို အရည်သွေး မြင့်မားအောင် ပြုလုပ်ရန်နှင့် ရုပ်ရှင်ရာသီဖြစ်သော ဇူလိုင်လကို  ပစ်မှတ်ထား လုပ်ဆောင်ရန်အတွက် ရုပ်ရှင်ကားပြသမှုကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

“ဒီရုပ်ရှင်ကားဟာ အက်ရှင်-ဟာသ ဇာတ်ကားဖြစ်တာကြောင့် လူကြိုက်များတဲ့ ရုပ်ရှင်ကား တစ်ကားဖြစ်ဖို့ မျှော်မှန်းထားတယ်” ဟု ထုတ်လုပ်ရေးကုမ္ပဏီ Starhaus Entertainment မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ဝမ် ၃၀ ဘီလျံ စိုက်ထုတ် ရိုက်ကူးထားသော အဆိုပါ ရုပ်ရှင်ကားကို တောင်ကိုရီးယား၊ တရုတ် ၊ မလေးရှားနှင့် ထိုင်းနိုင်ငံရှိ နေရာများတွင် သွားရောက် ရိုက်ကူးထားသည်။ လီသည် စမတ်ကျပြီး နှစ်လိုဖွယ်ကောင်းသည့်အပြင် ကိုယ်ခံပညာကောင်းသော အမျိုးသား လီဆန်အဖြစ် ခေါင်းဆောင်မင်း သားနေရာမှ ပါဝင် သရုပ်ဆောင်ထားသည်။

ယင်းရုပ်ရှင်ကားတွင် ဟောင်ကောင်မင်းသား Wallace Chung နှင့် တရုတ်မင်းသမီး Tang Yan တို့လည်း ပါဝင်သရုပ်ဆောင်ထားကြောင်းနှင့် ဒါရိုက်တာ Shin Tae –ra က ရိုက်ကူးထားသည်။

“Bounty Hunters” ရုပ်ရှင်ကားကို ၆၉ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် မေ ၁၆ ရက် နံနက် ၁၀ နာရီတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly