Westlife အဖွဲ့ဝင်ဟောင်း နစ်ကီဘရာ Eurovision သီချင်းဆိုပြိုင်ပွဲ ဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့် မရခဲ့

Westlife အဖွဲ့ဝင်ဟောင်း နစ်ကီဘရာ Eurovision သီချင်းဆိုပြိုင်ပွဲ ဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့် မရခဲ့

နယူးယော့ခ်၊ မေ ၁၃ ။             ။ Westlife အဖွဲ့ဝင်ဟောင်း နစ်ကီဘရာသည် Eurovisiion သီချင်းဆိုပြိုင်ပွဲ ဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့် မရခဲ့ခြင်းကြောင့် အိုင်ယာလန်နိုင်ငံသည် ယင်းသီချင်းဆိုပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ပေါ့ပ်ကြယ်ပွင့် နစ်ကီသည် မေ ၁၂ ရက်က ဆွီဒင်နိုင်ငံ စတော့ ဟုမ်းမြို့တွင် ကျင်းပပြုလုပ်သော ဆီမီးဖိုင်နယ်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်းနှင့် နစ်ကီသည် နောက်ဆုံး ၁၀ နေရာအတွက် ယှဉ်ပြိုင်ရသော ပြိုင်ပွဲဝင် ၁၈ ဦးတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

“ကျွန်တော် အရမ်းကို စိတ်ပျက်ခဲ့ပါတယ်။ ဖိုင်နယ်ပွဲကို ကျွန်တေ်ာ နိုင်ငံကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဖိုင်နယ်ပွဲကို တတ်လှမ်းခွင့် မရခဲ့ပါဘူး။ ကျွန်တော်ကိုအားပေး တဲ့ ပရိတ်သတ်တွေ၊ မိသားစုဝင်တွေနဲ့ အဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အတွေ့ကြုံ ကောင်းတွေ ရရှိခဲ့တယ်။ အရမ်းကို တော်တဲ့သူတွေနဲ့လည်း ဆုံတွေခဲ့တယ်” ဟု နစ်ကီဘရာက ပြောကြားသည်။

အိုင်ယာလန်နိုင်ငံသည်  Eruovision တေးသီချင်းပြိုင်ပွဲ၏ ၆၁နှစ်တာ သမိုင်းတွင်  စုစုပေါင်း ခုနှစ်ကြိမ်အနိုင်ရရှိခဲ့သည့် အအောင်မြင်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အိုင်ယာလန်နိုင်ငံသည် ၂၀၁၃ ခုနှစ်က  Eurovision သီချင်းဆိုပြိုင်ပွဲ ဖိုင်နယ်အဆင့်ကို နောက်ဆုံးအကြိမ် ပါဝင်ခဲ့သည်။

ဗြိတိန်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သော နှစ်ယောက်တွဲအဆိုတော် ဂျိုးနှင့် ဂျိတ်ခ်တို့သည် ယခုနှစ်၏ ဖိုင်နယ်ပွဲသို့ တတ်ရောက်ခဲ့သည်။ ထို့ကြောင့် ဗြိတိန်နိုင်ငံသည် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန် နိုင်ငံတို့နှစ်အတူ အင်အားကြီး ငါးနိုင်ငံအနက် တစ်နိုင်ငံအဖြစ် ဖိုင်နယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့် ရခဲ့သည်။

လာဗီးယား၊ ဂျော်ဂျီယာ၊ ဘယ်လ်ဂျီယံ၊ သြစတြေးလျ၊ ယူကရိန်း၊ ဆာဘီးယား၊ ပိုလန်၊ အစ္စရေး၊ Lithuania နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည် ဖိုင်နယ်အဆင့်ကို တတ်လှမ်းနိုင်ခဲ့သည်။

Eurovision သီချင်းဆိုပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကို မေ ၁၄ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ည ၈ နာရီအချိန်တွင် RTI One ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly