ကိန်းစ် ရုပ်ရှင်ပွဲတော်ကို အတူတတ်ရောက်လာတဲ့ ချယ်ရီကိုးလ်နဲ့ Liam Payne

ကိန်းစ် ရုပ်ရှင်ပွဲတော်ကို အတူတတ်ရောက်လာတဲ့ ချယ်ရီကိုးလ်နဲ့ Liam Payne

နယူးယော့ခ်၊ မေ ၁၄ ။            ။ One Direction အဖွဲ့ဝင်ဟောင်း Liam Payne နှင့် အဆိုတော် ချယ်ရီကိုးလ်တို့ နှစ်ဦးသည် ပဲရစ်မြို့တွင် ကျင်းပပြုလုပ်သော Global Gift Gala ပွဲသို့ ပထမဆုံးအကြိမ် နှစ်ယောက်အတူ တတ်ရောက်ခဲ့ကြသည်။

ချယ်ရီကိုးလ်နှင့် Liam Payne တို့သည်  ၆၉ ကြိမ်မြောက် ကိန်းစ် ရုပ်ရှင်ပွဲတော်အတွင်း  Chopard Trophy အခမ်းအနားသို့လည်း တတ်ရောက်ခဲ့ကြကြောင်းနှင့် ၎င်းတို့နှစ်ဦးကို ကြည့်ရ သည်မှာ ပျော်ရွှင်နေပုံရသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ချယ်ရီသည် တဖိတ်ဖိတ်တောက်နေသော အဖြူရောင်၊ အနက် ရောင်၊ ရွှေရောင်နှင့် အနီရောင်တို့ အရောင်မျိုးစုံဖြင့် ပေါင်းစပ်ထားသော အကျီနှင့် ဘောင်းဘီ တစ်ဆက်တည်း ဝတ်စုံကို ဝတ်ဆင်ထားခြင်းကြောင့် ၎င်း၏ သွယ်လျလှပသော ခန္ဓာကိုယ်အလှကို ပိုမို ပေါ်လွင်စေသည်။ အသက် ၂၂ နှစ်အရွယ်ရှိ One Direction အဖွဲ့ဝင်ဟောင်း Liam Payne သည် အနက်ရောင် ကုတ်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ချယ်ရီနှင့် Liam Payne တို့နှစ်ဦးသည် ၂၀၁၅ ခုနှစ်နောက်ပိုင်းက စတင်တွဲခဲ့ပြီး ဖေဖော်ဝါရီလ က ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။ Liam Payne သည် ပြီးခဲ့သည့်နှစ်က ရည်းစားဟောင်း ဆိုဖီစမစ်နှင့် လမ်းခွဲခဲ့ပြီးသည်။

ချယ်ရီကိုးလ်သည် ၂၀၁၄ ခုနှစ်က လက်ထပ်ခဲ့သည့် ခင်ပွန်းဖြစ်သူ ဂျိမ်းဘာနက်ဒ်ဖာနန်ဒက်ဇ် ဗာဆီနီနှင့် ကွားရှင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ချယ်ရီကိုးလ်သည်  အက်ရှလေကိုးလ်နှင့် လည်း လက်ထပ်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ပေါင်းသင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly