၈နှစ်ခန့်နားနေခဲ့သည့် အဆိုတော်စံလင်း တေးအယ်ဘမ်သစ်ထွက်မည်

၈နှစ်ခန့်နားနေခဲ့သည့် အဆိုတော်စံလင်း တေးအယ်ဘမ်သစ်ထွက်မည်

ရန်ကုန် ၊ မေ ၁၃ ။            ။ ကျန်းမာရေးကြောင့် ဂီတလောကမှ ၈နှစ်ခန့်နားနေခဲ့သည့် အဆိုတော် စံလင်း၏ ညဉ့်သုံးယံ ဟု အမည်ပေး ထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ်သစ် ကို မေ ၁၉ရက် နေ့တွင် ဖြန့်ချိတော့မည်ဖြစ်သည်။

 "ကျန်းမာရေးကြောင့် ကျွန်တော် ၈နှစ်လောက် နားခဲ့ရတယ်။ အခု ကျန်းမာရေးလည်း ပြန်ကောင်း လာပြီ ဆို တော့ တစ်ကိုယ်တော် အခွေလေး လုပ်ဖြစ်တဲ့ သဘောပါ။ ဒီအခွေမှာ အရင်ဆိုခဲ့တဲ့ ပုံစံ မဟုတ်ပဲ နည်းနည်း လေး တော့ ချိန်းထားတယ်။ နောက်ထပ်လဲ အခွေတွေ ထပ်လုပ်ဖြစ်မှာပါ" ဟု အဆိုတော်စံလင်းကပြောသည်။

တစ်ကိုယ်တော် တေးအယ်ဘမ်တွင် တေးသီချင်း အသစ် ၈ပုဒ် ပါဝင်ပြီး ယခင်က ၎င်း အောင်မြင် ခဲ့သည့် စည်းဝိုင်းအပြင်သို့ဖိတ်ခေါ်ခြင်း နှင့် ကဗျာ စသည့် တေးသီချင်း ဟောင်း ၂ပုဒ် ကိုလည်း ပြန်လည် ထည့်သွင်း ပေးထားကြောင်း ၎င်းကပြောသည်။

 ၁၉၉၁ ခုနှစ် ကတည်းက ဂီတ လောက်ထဲ စတင် ဝင်ရောက် ခဲ့သည့် အဆိုတော် စံလင်း သည် တစ်ကိုယ်တော် အခွေ နှင့် အတွဲခွေ များစွာ ထွက်ရှိ ခဲ့သလို ၎င်း၏ တေးသီချင်း များကလည်း ပရိသတ်ကြား အောင်မြင်မှု ရရှိ ခဲ့သည့် အနုပညာရှင် တစ်ဦး ဖြစ်သည်။

 ၎င်း၏ ညဉ့်သုံးယံ တေးအယ်ဘမ် ကို MTV အဖြစ်ပါ ရိုက်ကူးလျက် ရှိပြီး လက်ရှိတွင် ၃ပုဒ်ခန့် ရိုက်ကူး ပြီးစီးနေပြီဖြစ်ကြောင်း ၊ ဖျော်ဖြေပွဲ ကျင်းပ ပြုလုပ်ရန်လည်း စီစဉ် ထားပြီး လက်ရှိတွင် စကား ပြောဆို နေသည့် အနေ အထား ပဲ ရှိသေးကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly