ဟောလိဝုဒ်တွင် အမျိုးသမီး ဒါရိုက်တာများအပေါ် ခွဲခြားဆက်ဆံမှှုကိစ္စ အမေရိကန် ဗဟိုအစိုးရ အေဂျင်စီနှစ်ခုက စုံစမ်းစစ်ဆေး

ဟောလိဝုဒ်တွင် အမျိုးသမီး ဒါရိုက်တာများအပေါ် ခွဲခြားဆက်ဆံမှှုကိစ္စ အမေရိကန် ဗဟိုအစိုးရ အေဂျင်စီနှစ်ခုက စုံစမ်းစစ်ဆေး

ဟောလိဝုဒ် ရုပ်ရှင်လောက၌ ဒါရိုက်တာများ ငှားရမ်းခန့်ထားရေးကဏ္ဍတွင် အမျိုးသမီး ဒါရိုက်တာများအပေါ် ခွဲခြားဆက်ဆံမှှုများရှိကြောင်း အမျိုးသမီး ဒါရိုက်တာများက ပြီးခဲ့သည့်နှစ်က ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ထို့ကြောင့် ဟောလိဝုတွင် အမျိုးသမီးဒါရိုက်တာများ အပေါ် ခွဲခြားဆက်ဆံမှှုကိစ္စနှင့် ပတ်သတ်၍ အမေရိကန် ဗဟိုအစိုးရ အေဂျင်စီနှစ်ခုက စုံစမ်းစစ်ဆေးမှှုတစ်ရပ်ကို စတင်လျက်ရှိကြောင်း ACLU အဖွဲ့က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။

အမေရိကန် ရုပ်ရှင်စတူဒီယိုများ၏ ဒါရိုက်တာ ငှားရမ်းခန့်ထားရေး အလေ့အထများအပေါ် အစိုးရက စုံစမ်းစစ်ဆေးပေးရန် လူ့အခွင့်အရေးအဖွဲ့ ACLU က အစိုးရအား မေတ္တာရပ်ခံခဲ့အပြီး တစ်နှစ်အကြာတွင် ယခုသတင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အလုပ်အကိုင် ခန့်ထားမှှု ညီမျှမှှုရှိရေး ကော်မရှင်နှင့် ဗဟိုအစိုးရ စာချုပ်စာတမ်း လေးစားလိုက်နာရေး အစီအစဉ် (OFCCP) တို့သည် စုံစမ်းစစ်ဆေးမှှုကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လျက်ရှိကြောင်း ACLU မှ ရှေ့နေ Melissa Goodman က ပြောခဲ့သည်။

Ref: TIME

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly