ဆလီနာဂိုမက်ဇ်နဲ့ အော်လန်ဒိုဘလွန်းတို့နှစ်ဦးကို လက်စ်ဗီးဂက်စ် နှိုက်ကလပ်တွင် အတူတွေ့ရှိ

ဆလီနာဂိုမက်ဇ်နဲ့ အော်လန်ဒိုဘလွန်းတို့နှစ်ဦးကို လက်စ်ဗီးဂက်စ် နှိုက်ကလပ်တွင် အတူတွေ့ရှိ

လော့စ်အိန်ဂျလိစ်၊ မေ ၁၂ ။                  ။ အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ကြယ်ပွင့် ဆလီနာဂိုမက်ဇ်ကို လက်စ်ဗီးဂက်စ်မြို့ရှိ  နှိုက်ကလပ် တစ်ခုတွင် ဗြိတိန်သရုပ်ဆောင်မင်းသား   အော်လန်ဒိုဘလွန်းနှင့်အတူ   တွေ့ရှိခဲ့ကြောင်း TMZ သတင်း ဌာနက ပြောကြားသည်။

လက်စ်ဗီးဂက်စ်မြို့ရှိ LIGHT နှိုက်ကလပ်တွင် ဆလီနာနှင့်  အော်လန်ဒိုဘလွန်းတို့နှစ်ဦး ပွေ့ဖက်နေသည့်ပုံကို ဓာတ်ပုံတွင် တွေ့မြင်ရသည်။

ဆလီနာသည် ၎င်း၏ လက်စ်ဗီးဂက်စ်ဖျော်ဖြေပွဲအတွက် နှိုက်ကလပ်တွင် ပါတီပွဲ ကျင်းပပြု လုပ်နေခြင်းဖြစ်ပြီး ဘလွန်းသည်လည်း ယင်းနှိုက်ကလပ်တွင် ပြုလုပ်သော သူငယ်ချင်းဖြစ်သူ၏ bachelor ပါတီပွဲ တတ်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဘလွန်းနှင့် ဆလီနာတို့နှစ်ဦး စကားပြောဆိုနေသည်ကို တွေ့ရှိခဲ့ကြောင်း နှိုက်ကလပ်သို့ လာရောက်သော မျက်မြင်တွေ့ရှိသူတစ်ဦးက ET သတင်းဌာနကို ပြောကြားသည်။ “သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် ပွေဖက်ခဲ့ကြတယ်။ ရင်းရင်းနှီးနှီး စကားပြောခဲ့ကြတယ်။ သူတို့နှစ်ဦးဟာ နှိုက်ကလပ်ကနေ နှစ်ယောက်အတူ ထွက်မသွားခဲ့ဘူး” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ET သတင်းဌာ နကို ပြောကြားခဲ့သည်။

ဆလီနာနှင့် အော်လန်ဒိုတို့နှစ်ဦး တွဲနေကြသည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်နေ သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း အခြားသော သတင်းအရင်းမြစ်တစ်ခု ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်းများသာ ဖြစ်သည်ဟု ပြောကြားလျက်ရှိသည်။

”သူတို့နှစ်ဦးရဲ့ မန်နေဂျာက တစ်ယောက်တည်းဖြစ်တယ်။ သူတို့ဟာ အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်တယ်။ ဆလီနာဟာ ဖော်ဖော်ရွေရွေနေတတ်တဲ့ သူတစ်ယောက်ဖြစ်တယ်။ ဘလွန်းနဲ့ ကေတီတို့နှစ်ဦးဟာ အရမ်းကို ချစ်ကြတဲ့ ချစ်သူတွေဖြစ်ပါတယ်” ဟု သတင်းအရင်းမြစ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly