ဘယ်ဘက်မျက်လုံးနားမှာ အသေးစား လက်ဝါးကပ်တိုင်ပုံ တက်တူးထိုးလိုက်တဲ့ ဂျက်စတင်ဘီဘာ

ဘယ်ဘက်မျက်လုံးနားမှာ အသေးစား လက်ဝါးကပ်တိုင်ပုံ တက်တူးထိုးလိုက်တဲ့ ဂျက်စတင်ဘီဘာ

ဆယ်ကျော်သက် မိန်းကလေးများ အသည်းစွဲ အဆိုတော် ဂျက်စတင်ဘီဘာသည် ဘယ်ဘက် မျက်လုံးနားတွင် အသေးစား လက်ဝါးကပ်တိုင်ပုံ တတ်တူးထိုးထားသည့်ပုံကို Instagram တွင် တင်ခဲ့သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂျက်စတင်သည် နယူးယော့ခ်မြို့ရှိ တက်တူးဆိုင်တွင် မေ ၆ ရက်က သေးငယ်သော လက်ဝါးကပ်တိုင်ပုံကို ဘယ်ဘက်မျက်လုံးနားတွင် တတ်တူးထိုးခဲ့ကြောင်းနှင့် ဂျက်စ တင်သည် လက်ရှိအချိန်တွင် အမေရိကတွင် ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ကျင်းပလျက်ရှိသည်။

ဂျက်စတင်ဘီဘာသည် ခန္ဓာကိုယ်တွင် တတ်တူး စုစုပေါင်း  ၅ ဝကျော် ထိုးထားကြောင်းနှင့် ယခုတတ်တူးပုံစံသည် ၎င်းအတွက် အသစ်မဟုတ်ကြောင်း မကြာသေးမီက ၎င်း၏ ရင်ဘက်တွင် လက်ဝါးကပ်တိုင်ပုံကြီးကို တတ်တူးထိုးထားသည်။

E! News သတင်းဌာနက တတ်တူးပညာရှင် ဂျိုနသန်ဂျွန်ဘွိုင်းဗာလီနာကို ဆက်သွယ်မေးမြန်း ခဲ့ရာ ၎င်းက ဘီဘာ၏ တတ်တူးအသစ်နောက်ကွယ်က ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။ ” ဒီတက်တူးပုံ ဟာ ဂျက်စတင်ရဲ့ ဘုရားသခင်အပေါ် ယုံကြည်မှုကို ကိုယ်စားပြုတယ်။ သူရဲ့ဘဝခရီးမှာ ဘုရားသခင် ရဲ့ အဆုံးအမတွေကို လေ့လာသွားမှာပါ” ဟု တတ်တူးပညာရှင်က ပြောကြားသည်။

“ကျွန်တော် အသက်ကြီးလာတဲ့အခါ မျက်နှာမှာ တတ်တူးထိုးဖို့ စဉ်းစားထားတယ်။ မျက်ခုံးအ ထက်လောက်မှာ တတ်တူးထိုးဖို့များတယ်။ ဒါပေမဲ့ အခုထိတော့ မျက်နှာမှာ တတ်တူးမထိုးရသေးပါ ဘူး။ ကျွန်တော်အသက် ၄၀ ဒါမှမဟုတ် ၅၀ အရွယ်လောက်ပေါ့။ ဒါမှမဟုတ် တစ်ချိန်ချိန်ပေါ့” ဟု ဂျက်စတင်ဘီဘာက ယခုနှစ် အစောပိုင်းတွင် GQ မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly