အဆိုတော် ဇွဲပြည့် ရုပ်ရှင် ဇာတ်ကားကြီးတွင်ပါ၀င် သရုပ်ဆောင်မည်

အဆိုတော် ဇွဲပြည့် ရုပ်ရှင် ဇာတ်ကားကြီးတွင်ပါ၀င် သရုပ်ဆောင်မည်

ရန်ကုန် ၊ မေလ ၁၀ ။              ။ အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ တေးအယ်ဘမ် ဖြင့် ပရိသတ်ကြား အောင်မြင်မှု ရရှိ လာခဲ့သည့် အဆိုတော် ဇွဲပြည့်သည်  သရဲဆိုတာ ဂျိုနဲ့လားဟေ့ အမည်ရှိ ရုပ်ရှင် ဇာတ်ကားတွင် ပထမဆုံး ပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။

အဆိုတော် ဇွဲပြည့် "ပထမဆုံး ယုံယုံကြည်ကြည် နဲ့ ကမ်းလှမ်း ခဲ့တာပေါ့နော် ။ အစကတော့ နောက်နေတယ် ထင်တာ ။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစား သွားပါ့မယ်။ ကိုယ်မလုပ်ဘူးတဲ့အရာကို လုပ်မှာ ဆိုတော့ လိုအပ်ချက်တွေ ရှိရင် အပြစ်မယူပဲ ဖြည့်စွက်ပြီး ကြည့်ပေးပါ။ " ဟု ပြောသည်။

ယင်းရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ အိအိခိုင် မှ ရိုက်ကူး ပုံဖော်မည် ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ်  ရန်အောင် ၊ မို့မို့မြင့်အောင် ၊ မင်းမော်ကွန်း ၊ ဇွဲပြည့် ၊ ယမင်းမေဦး တို့ အပြင် တခြား သရုပ်ဆောင်များလည်း  ပါဝင် သရုပ်ဆောင် ကြမည် ဖြစ် သည်။

ထို ရုပ်ရှင် ဇာတ်ကားကို မေ ၂၄ ရက်နေ့မှ စတင်ပြီး ကလောမြို့တွင် စတင် ရိုက်ကူးမည် ဖြစ်ပြီး လက်ရှိ တွင် အဆိုတော် ဇွဲပြည့်သည် ဇာတ်ကား အတွက် လိုအပ်သည့် သရုပ်ဆောင်မှုပိုင်း ၊ အဝတ်အစား ပိုင်းများကို ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဇာတ်ကား ရိုက်ကူးမှု အပြင် ၎င်း၏ ဒုတိမြောက် တစ်ကိုယ်တော် အခွေ အတွက် တေးသီချင်းများ အသံသွင်း လျက် ရှိပြီး တစ်ချိန်က အောင်မြင်ခဲ့သည့် တေးသီချင်းဟောင်း များလည်း ထည့်သွင်း ထားကာ ဇူလိုင်လ သို့မဟုတ် သြဂုတ်လတွင် ထွက်ရှိ ရန် စီစဉ် ထားကြောင်း ဇွဲပြည့် ကဆိုသည်။

အဆိုတော် ဇွဲပြည့်သည် ၎င်း၏ ဒုတိယမြောက် တေးအယ်ဘမ်တွင် ယခင် ထွက်ရှိ ခဲ့သည့် တေးအယ်ဘမ် အတိုင်း Audio တေးသီချင်း ၁၀ပုဒ် အပြင် MTV ရိုက်ကူး ထားသည့် တေးသီချင်း ၅ပုဒ် ကိုလည်း ထည့်သွင်း ပေးထားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly