အမျိုးသမီး အခွင့်အရေးကို ထောက်ခံအားပေးရန် အိန္ဒိယသို့ သွားရောက်မည့် မင်းသမီး Shin Se-kyung

အမျိုးသမီး အခွင့်အရေးကို ထောက်ခံအားပေးရန် အိန္ဒိယသို့ သွားရောက်မည့် မင်းသမီး Shin Se-kyung

တောင်ကိုရီးယား မင်းသမီး Shin Se-kyung သည် အမျိုးသမီးများ အခွင့်အရေးနှင့် ပညာရေး ကို ထောက်ခံအားပေးရန် အိန္ဒိယနိုင်ငံသို့ အလည်ပတ် သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ  Namoo Actors က မေ ၈ ရက်တွင် ပြောကြားခဲ့သည်။

Shin Se- kyung သည်  UNESCO အဖွဲ့ ကိုရီးယားအမျိုးသားကော်မရှင်ဆိုင်ရာ သံတမန်တစ် ဦးဖြစ်ပြီး  အိန္ဒိယနိုင်ငံရှိ ဝေးလံခေါင်ပါးသော ဒေသများတွင် နေထိုင်သော အမျိုးသမီးများကို စက်ချုပ် စက်များ ထောက်ပံ့ပေးမည့် UNESCO အဖွဲ့ အစီစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကိုယ်ပိုင်လုပ်ငန်းနှင့် ပတ်သက်၍ အမျိုးသမီးများကို အသိပညာပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန်နှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့် အာဏာရှိသူ ဖြစ်လာစေရန် ရည်ရွယ်သည်။

“အိန္ဒိယခရီးစဉ်မှာ Shin ဟာ လူတန်းစားခွဲခြားမှုစနစ်၊ ဘာသာရေးခွဲခြားမှုတွေကို ခံစားရတဲ့ အမျိုးသမီးတွေဆီကို သွားရောက်မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ ကျားမ ခွဲခြားမှုတွေကြောင့် ပညာသင်ကြားခွင့် ပိတ်ပင်ခံထားရတယ်” ဟု ၎င်း၏ အေဂျင်စီက ပြောကြားသည်။

UNESCO အဖွဲ့၏ အိန္ဒိယနိုင်ငံတွင် အမျိုးသမီးမျာ အခွင့်အရေး ထောက်ပံ့ကူညီပေးရေး လှုပ်ရှားမှုနှင့် စပ်လျဉ်း၍ အသေးစိတ်ကို www.unesco.or.kr တွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly