အမျိုးသားအဆိုတော်အဖွဲ့ EXO အဖွဲ့မှ အဖွဲ့ဝင် Lay သည် မကြာမီ ထုတ်လွှင့်ပြသမည့် တရုတ် ရုပ်မြင်သံကြား အစီစဉ် “Go Fighting” ရိုက်ကူးနေစဉ် အစာအဆိပ်သင့်မှုကြောင့် ဆေးရုံ တင်ခဲ့ရကြောင်း တရုတ်မီဒီယာတစ်ခုက သတင်းထုတ်ပြန်သည်။
Lay သည် ပျို့အန်ပြီးနောက် ရုပ်သံအစီစဉ် ရိုက်ကူးနေစဉ် ရေချိုးခန်းသို့ အသွားတွင် မူးမေ့လဲ ခဲ့ခြင်းဖြစ်ကြောင်း အတွင်းလူတစ်ဦးက ပြောကြားသည်။ Lay ကို ကုသမှုခံယူရန်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အကြောဆေး သွင်းပေးခဲ့ကြောင်းနှင့် ယင်းနောက် Lay သည် ရိုက်ကွင်းသို့ ပြန်လာကာ ရိုက်လက်စ အစီစဉ်ကို အဆုံးသတ် ရိုက်ကူးခဲ့သည်။
EXO အဖွဲ့ဝင်များသည် ၎င်းတို့၏ သက်ဆိုင်ရာ အနုပညာလုပ်ငန်းများတွင် အာရုံစိုက် လုပ်ဆောင်လျက်ရှိပြီး ယခုနှစ်နွေရာသီတွင် EXO အဖွဲ့ ဂီတလောကသို့ ပြန်လာရန် စီစဉ်လျက်ရှိ သည်။ Lay သည် တရုတ်ရုပ်ရှင်ကား “Unexpecter Love” တွင် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။