Bafta ရုပ်မြင်သံကြား ဆုပေးပွဲတွင် “Wolf Hall” ဒရမ်မာဇာတ်လမ်းတွဲ ဆုနှစ်ဆုရရှိ

Bafta ရုပ်မြင်သံကြား ဆုပေးပွဲတွင် “Wolf Hall” ဒရမ်မာဇာတ်လမ်းတွဲ ဆုနှစ်ဆုရရှိ

Bafta ရုပ်မြင်သံကြား ဆုပေးပွဲကို လန်ဒန်မြို့ရှိ Royal Festival  Hall တွင် မေ ၈ ရက်ညက ကျင်းပပြုလုပ်ခဲ့ရာ “Wolf Hall” ဒရမ်မာဇာတ်လမ်းတွဲသည် ဆုနှစ်ဆု ဆွတ်ခူးခဲ့သည်။ Wolf Hall ဇာတ်ကားသည် ဒရမ်မာ ဇာတ်လမ်းတွဲဆုနှင့် အကောင်းဆုံး ခေါင်းဆောင်မင်းသားဆုတို့ကို ရရှိခဲ့သည်။

“Wolf Hall” ဇာတ်ကားတွင် မက်ခ်ရိုင်လက်စ်သည် သောမက်စ်ခရွမ်ဝဲလ်အဖြစ် သရုပ်ဆောင် ထားပြီး အကောင်းဆုံး ခေါင်းဆောင်မင်းသားဆုကို ရရှိခဲ့သည်။ “This is England ‘ 90” ဇာတ်ကား နှင့် “Peter Kay’s Car Share” ဇာတ်ကားတို့သည်လည်း ဆုနှစ်ဆု ဆွတ်ခူးခဲ့သည်။

ဘီဘီစီရုပ်သံလိုင်း၏ အိမ်ထောင်ရေးဇာတ်လမ်းတွဲ “Doctor Foster” ဇာတ်ကားဖြင့် ဆုရန်နီ ဂျိမ်းသည် အကောင်းဆုံး ခေါင်းဆောင်းမင်းသမီးဆုကို ရရှိခဲ့သည်။ “Peter Kay’s Car Share” ဇာတ်ကားသည် အကောင်းဆုံး ဟာသဇာတ်ညွှန်းဆုကို ရရှိခဲ့သည်။ ဟာသသရုပ်ဆောင် ပီတာကေ သည် “Peter Kay’s Car Share” ဇာတ်ကားဖြင့် အကောင်းဆုံး ဟာသသရုပ်ဆောင် အမျိုးသားဆုကို ရရှိခဲ့သည်။

မစ်ချဲလာကိုးလ်သည် “Chewing Gum” ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံး ဟာသသရုပ် ဆောင် အမျိုးသမီးဆုကို ရရှိခဲ့သည်။ တွမ်ကော့နေးသည် ရာဇဝတ်မှု ဒရမ်မာဇာတ်လမ်းတွဲ “Unforgotten” ဖြင့် ဇာတ်ပို့ သရုပ်ဆောင်မင်းသားဆုကို ရရှိခဲ့ပြီး ချာနဲလ်ခရက်စ်ဝဲလ်သည် “This si England ‘ 90” ဇာတ်လမ်းတွဲဖြင့် ဇာတ်ပို့ သရုပ်ဆောင် မင်းသမီးဆုကို ရရှိခဲ့သည်။ “Have I Got News For You” ဇာတ်လမ်းတွဲသည် အကောင်းဆုံး ဟာသရုပ်မြင်သံကြား အစီစဉ်ဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly