တေးဂီတ ဗီဒီယိုသစ်ထွက်ရှိခဲ့တဲ့ ဂျက်စတင် တင်းဘားလိတ်ခ်

တေးဂီတ ဗီဒီယိုသစ်ထွက်ရှိခဲ့တဲ့ ဂျက်စတင် တင်းဘားလိတ်ခ်

နယူးယော့ခ်၊ မေ ၇ ။              ။ အမေရိကန်အဆိုတော် သရုပ်ဆောင် ဂျက်စတင်တင်းဘားလိတ်ခ်သည် တေးဂီတဗီဒီယိုသစ် ” Can’t Stop the Feeling” ကို Vevo တေးဂီတဝန်ဆောင်မှုတွင် မေ ၅ ရက်နှောင်းပိုင်းက ထုတ်လွှင့် ခဲ့ကြောင်းနှင့် ယင်းတေးဂီတ ဗီဒီယိုသစ်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်းမှစ၍ ဂျက်စတင်တင်းဘားလိတ် ခ်၏ ပထမဆုံး တေးဂီတ ဗီဒီယိုသစ်ဖြစ်သည်။

ဂျက်စတင်တင်းဘားလိတ်ခ်၏ တေးဂီတဗီဒီယိုသစ်တွင် နိုဝင်ဘာလ၌ ထုတ်လွှင့်ပြသမည့် “Trolls” ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထားကြောင်းနှင့် ဂျက်စ တင်တင်းဘားလိတ်ခ်သည် တေးအယ်လ်ဘမ်သစ်အတွက် လုပ်ဆောင်နေကြောင်း အတည်ပြုပြော ကြားခဲ့သည်။

ဂျက်စတင် တင်းဘားလိတ်သည် ယင်းနေ့အစောပိုင်းက ၎င်း၏တွစ်တာအကောင့်တွင် တေးဂီ တဗီဒီယိုကို တင်ခဲ့ကြောင်းနှင့် ဗီဒီယိုတွင် မကြာမီထုတ်လွှင့်ပြသမည့် “Trolls” အန်နီမေးရှင်း ဇာတ်ကားတွင် အသံဖြင့် သရုပ်ဆောင်ထားသော ဂွမ်စတဖာနီ၊ အန်နာကန်ဒရစ်ခ်၊ ဂျိမ်းစ်ကော်ဒန်၊ ကူနဲလ်နေယော၊ ရက်ဆဲလ်ဘရက်ဒ် ၊ အိုင်ကိုနာပေါ့ပ်တို့နှင့် အကပါတီပွဲကျင်းပနေသည့်ပုံကို ရိုက်ကူးထားသည်။

ဂျက်စတင်တင်းဘားလိတ်ခ်သည် ၂၀၁၃ ခုနှစ်က “ The 20/20 Experience” တေးအယ်လ် ဘမ် ထွက်ရှိခဲ့ပြီးနောက် ယင်းတေးဂီတဗီဒီယိုသည် ပထမဆုံးထွက်ရှိသည့် တေးဂီတဗီဒီယိုဖြစ် သည်။၂၀၁၅ ခုနှစ် ဧပြီလက ဂျက်စတင်တင်းဘားလိတ်ခ်နှင့် ဇနီးဖြစ်သူ ဂျက်ဆီကာဘေးလ်သည် သားဖြစ်သူ ဆီလက်စ်ကို မွေးဖွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly