ဗြိတိန်တေးအယ်လ်ဘမ် ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် ဒရေ ခ်

ဗြိတိန်တေးအယ်လ်ဘမ် ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် ဒရေ ခ်

နယူးယော့ခ်၊ မေ ၇ ။                ။ ကနေဒါရက်ပါဒရေ့ခ်သည် ဗြိတိန်တစ်ကိုယ်တော် တေးသီချင်းနှင့် တေးအယ်လ်ဘမ်ဇယားတို့ တွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

ဒရေ့ခ်၏ မကြာသေးမီက ထွက်ရှိထားသော တေးအယ်လ်ဘမ် “Views”သည် ဘီယွန်စေး၏ “Lemonade” တေးအယ်လ်ဘမ်ကို ကျော်လွန်ကာ ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပြီး ဘီယွန်စေး၏ “Lemonade” တေးအယ်လ်ဘမ်သည် နံပါတ် ၂ နေရာသို့ ရောက်ရှိခဲ့သည်။

အဆိုတော် ဘေးလ်အိုရှင်းနှင့် ရော့ခ်တေးဂီတအဖွဲ့ Travis တို့သည်လည်း ထိပ်တန်းငါးနေ ရာတွင် ပါဝင်လာခဲ့သည်။ ဒရေ့ခ်၏ “One Dance” တေးအယ်လ်ဘမ်သည် တစ်ကိုယ်တော် တေးသီ ချင်းဇယားတွင် ထိပ်ဆုံးမှရပ်တည်နေပြီး ကာလ်ဗင်ဟာရစ်နှင့် ရီဟားနားတို့နှစ်ဦး သီဆိုထားသော “This is What You Came For” တေးသီချင်းသည် နံပါတ် ၂ နေရာတွင် ရပ်တည်နေသည်။

ဒရေ့ခ်၏ “ Views” တေးအယ်လ်ဘမ်သည် ယခုအချိန်အထိ ယခုနှစ်၏ ဒုတိယရောင်းအား အကောင်းဆုံး တေးအယ်လ်ဘမ်ဖြစ်ပြီး  အချပ်ရေ ၇၈၀၀၀၀ ရောင်းချခဲ့ရကြောင်းနှင့် ယင်းနောက် တွင် ဒေးဗစ်ဘိုဝီ၏ “Blackstar” တေးအယ်လ်ဘမ်က ရပ်တည်လျက်ရှိကြောင်း Official Charts ကုမ္ပဏီက ပြောကြားသည်။

ရော့ခ်တေးဂီတအဖွဲ့ Travis သည် ယခုအချိန်ထိ စတူဒီယိုတေးအယ်လ်ဘမ် ရှစ်ခု ထွက်ရှိခဲ့ပြီး ၎င်းတို့၏ နောက်ဆုံးတေးအယ်လ်ဘမ် “Everything at Once” သည် တေးအယ်လ်ဘမ်ဇယားတွင် နံပါတ်ငါးနေရာမှ ရပ်တည်လျက်ရှိသည်။ ဘေးလ်အိုရှင်း၏ “Here You Are” တေးအယ်လ်ဘမ်သည် နံပါတ်လေးနေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly