2NE1 အဖွဲ့ဝင်ဟောင်း Minzy Kong တစ်ကိုယ်တော် အနုပညာရှင်အဖြစ် ဂီတလော ကသို့ ပြန်လာမည်ဟု ပြော

2NE1 အဖွဲ့ဝင်ဟောင်း Minzy Kong တစ်ကိုယ်တော် အနုပညာရှင်အဖြစ် ဂီတလော ကသို့ ပြန်လာမည်ဟု ပြော

ဆိုးလ်၊ မေ ၇ ။              ။ 2NE1 အဖွဲ့ဝင်ဟောင်း Minzy Kong က မကြာမီ တစ်ကိုယ်တော် အနုပညာရှင်အဖြစ် ဂီတ လောကသို့ ပြန်လာရန် လေ့ကျင့်မှုများ ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ဟု ပရိတ်သတ်များကို ကတိ ပြုကြောင်း ၎င်း၏  Instagram အကောင့်တွင် ဖော်ပြခဲ့သည်။

Kong နှင့် ၎င်း၏ အေဂျင်စီဟောင်း YG Entertainment တို့အကြား ချုပ်ဆိုထားသော စာချုပ် သည် မေ ၅ ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။ “ကျွန်မ Minzy Kong နာမည်နဲ့ပဲ တစ်ကိုယ်တော် အနုပ ညာရှင်အဖြစ် ရပ်တည်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်းက Instagram တွင် ဖော်ပြခဲ့သည်။

“ကျွန်မ တစ်ကိုယ်တော် အနုပညာရှင်အဖြစ် ဂီတလောကကို ပြန်လာဖို့ အလုပ်ကို ကြိုးစား လုပ်သွားမယ်လို့ ကတိပေးပါတယ်။ ကျွန်မအသက် ၁၆ နှစ်အရွယ်တုန်းက 2NE1 အဖွဲ့နဲ့ ဂီတလော ကထဲကို စတင်ရောက်ရှိခဲ့တယ်။ ကျွန်မအရမ်းကို ပျော်စရာကောင်းတဲ့ ပုံရိပ်တွေရရှိခဲ့တယ်။ ကျွန်မ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေနဲ့ ထိတွေ့ခွင့် ရခဲ့တယ်။ ဒီအတွေ့အကြုံတွေဟာ အရမ်းကို တန်ဖိုး ရှိပါတယ်” ဟု  Minzy Kong က Instagram တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly