Miss Myanmar World 2016 ပြိုင်ပွဲ အတွက် နောက်ဆုံး ဆန်ကာတင် အလှမယ် အယောက် ၂၀ ကို ရွေးချယ်

Miss Myanmar World 2016 ပြိုင်ပွဲ အတွက် နောက်ဆုံး ဆန်ကာတင် အလှမယ် အယောက် ၂၀ ကို ရွေးချယ်

ရန်ကုန် ၊ မေလ ၇ ။              ။ Miss Myanmar World 2016 ပြိုင်ပွဲ အတွက် လာရောက် လျှောက်ထားသူများ ထဲမှ နောက်ဆုံး ဆန်ကာတင် အလှမယ် အယောက် ၂၀ဦး ကို ရွေးချယ် ပြီးသွားပြီ ဖြစ်ပြီး ထို အယောက် ၂၀ သည် Miss Myanmar World Organization နှင့် အတူ ပြိုင်ပွဲ အတွက် လေ့ကျင့်မှုများ ဆက်လက် လုပ်ဆောင် သွားကြမည် ဖြစ်သည်။

 Miss Myanmar World 2016 Finalist အလှမယ် အယောက် ၂၀ ရွေးချယ်ပွဲကို မေလ ၆ရက်တွင် ရန်ကုန်မြို့ရှိ ချက်ထရီယမ် ဟိုတယ် (Grand Ballroom) ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

 ထို အလှမယ် ပြိုင်ပွဲကို Channel 7 နှင့် Forever Bec-Tero တို့မှ တတိယ အကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး လာရောက် လျှောက်ထားသူများ ထဲမှ အယောက် ၅၀ ကို စိစစ် ရွေးချယ် ခဲ့ကာ အခုအခါတွင် နောက်ဆုံး ဆန်ကာတင် အယောက် ၂၀ ကို ထပ်မံ ရွေးချယ်ခြင်း ဖြစ်သည်။

 နောက်ဆုံး ဆန်ကာတင် အလှမယ် အယောက် ၂၀ ဦး သည် Miss Myanmar World Organization နှင့်အတူ Make Up Training များ ၊ Show Director Mr. Brian Jeremiah မှ Cat Walk Training ၊ Portrait Shooting ၊ CSR Activity များကို ပြုလုပ် သွားရမည် ဖြစ်ပြီး  Activity Camp ကာလ အတွင်း နိုင်ငံခြား ခရီးစဉ် အနေနှင့် ဘန်ကောက် နှင့် ချင်းမိုင်မြို့သို့ သွားရောက်ပြီး Activity များလည်း ပြုလုပ်မည် ဖြစ်သည်။

Miss Myanmar World 2016 မှ ရရှိမည့် ဆုကြေးများမှာ Miss Myanmar World 2016 Winner အနေဖြင့် Phuket Pearl မှ Crown ပေးမည့် အပြင် ကျပ်သိန်း (၁၀၀) ကိုရရှိမှာ ဖြစ်ပြီး 1st Runner Up ဆုရှင် က ကျပ် သိန်း (၅၀) နှင့် 2nd  Runner Up ဆုရှင်က ကျပ်သိန်း (၃၀) ရရှိမည်  ဖြစ်သည်။

ဆန်ကာတင် အလှမယ် အယောက် ၂၀ ကို အွန်လိုင်းမှ Voting ပြုလုပ်ကာ အားပေး နိုင်ပြီး ပြိုင်ပွဲ ကာလ ဖြစ်သည့် မေလ ၇ရက် မှ ဇွန်လ ၃ရက် အထိ အွန်လိုင်း မှ Voting ပေးပို့ နိုင်သလို SMS ဖြင့်လည်း Vote ပြုလုပ် နိုင်မည် ဖြစ်သည်။

 အွန်လိုင်းမှVoting ပေးပို့မည် ဆိုပါက Miss Myanmar World ၏ Official Website တစ်ခု ဖြစ်သည့် www.facebook.com/missmyanmarworldofficial တွင် ဝင်ရောက်ပြီး မိမိ ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင် ကိုVoting ပေးပို့ နိုင်သည်။

Miss Myanmar World 2016 Activity လှုပ်ရှားမှုများကို Channel-7 ရုပ်သံလိုင်းတွင် မေလ ၁၄ရက် မှ ၂၉ရက် အထိ အပတ်စဉ် စနေ ၊ တနင်္ဂနွေနေ့တိုင်း ည ၇နာရီ ၁၅မိနစ် မှ ၇နာရီ ၄၅ မိနစ် အထိ ထုတ်လွှင့် ပြသ သွားမည် ဖြစ်ပြီး Grand Final ပွဲကြီးကိုလည်း ဇွန်လ ၄ရက်တွင် ည ၇နာရီ မှ ၁၀နာရီ အထိ Channel-7 ရုပ်သံလိုင်းတွင် တိုက်ရိုက် ထုတ်လွှင့် ပြသ သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly