ခရစ်စတင်စတီးဝပ် ပြင်သစ်အဆိုတော် ဆိုကိုနဲ့ လမ်းခွဲလိုက်ပြီ

ခရစ်စတင်စတီးဝပ် ပြင်သစ်အဆိုတော် ဆိုကိုနဲ့ လမ်းခွဲလိုက်ပြီ

Twilight မင်းသမီး ခရစ်စတင်စတီးဝပ်သည် ၎င်း၏ ချစ်သူမိန်းကလေး စတီဖင်ဆိုကို ဆိုကို လင်စကီနှင့် လအနည်းငယ်အကြာ တွဲပြီးနောက် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း  မေ ၅ ရက်ထုတ် UsWeekly တွင် ဖော်ပြထားသည်။

ခရစ်စတင်စတီးဝပ်ကို မေ ၂ ရက်က Met Gala ပွဲတွင် တွေ့မြင်ပြီးနောက် အဆိုပါ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ Met Gala ပွဲသို့ ခရစ်စတင်စတီးဝပ်၏ ရည်စားဟောင်းဖြစ်သူ ရောဘတ် ပက်တင်ဆင်သည် ၎င်းနှင့် စေ့စပ်ထားသူ မိန်းကလေး FKA Twigs နှင့်အတူ တတ်ရောက် ခဲ့ကြောင်းနှင့်  Twilight ကြယ်ပွင့်နှစ်ယောက် အပြန်အလှန် အဆက်သွယ် ရှိမရှိနှင့် စပ်လျဉ်း၍ သေချာ မသိရသေးပေ။

ခရစ်စတင်နှင့် ဆိုကိုတို့သည် အနာဂတ်တွင် ပြန်လည်တွဲနိုင်ဖွယ်ရှိကြောင်း သတင်းအရင်းမြစ် တစ်ခုက ပြောကြားသည်။ အသက် ၂၆ နှစ်အရွယ်ရှိ ခရစ်စတင်နှင့် အသက် ၃၀ အရွယ် ဆိုကိုတို့ကို မတ်လက ပဲရစ်မြို့တွင် နှစ်ယောက်တွဲ ပထမဆုံးအကြိမ် တွေ့မြင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးကို မကြာခဏဆိုသလို လူမြင်ကွင်းတွင် လက်တွဲသွားလာခြင်းများနှင့် အနမ်းပေးခြင်းများ တွေ့ရသည်။

ခရစ်စတင်စတီးဝပ်သည် မေ ၄ ရက်က ဟောလီးဝုဒ်တွင် ကျင်းပပြုလုပ်သော Walk Of Fame အခမ်းအနားသို့ တတ်ရောက်ခဲ့ကြောင်းနှင့် ခရစ်စတင်စတီးဝပ်၏ပုံမှာ အသည်းကွဲနေသည့်ပုံ မပေါ်ပေ။ ခရစ်စတင်စတီးဝပ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သော့ခလောက်ပုံ လည်ဆွဲကို ဆင်မြန်းထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly