ဒေါ်နယ်ထရမ့်ပ်ကို မဲဆွယ်ပွဲတွေမှာ ၎င်းတို့၏ တေးသီချင်းများကို မသုံးဖို့ တားမြစ်လိုက်တဲ့ ရိုလင်းစတုန်းအဖွဲ့

ဒေါ်နယ်ထရမ့်ပ်ကို မဲဆွယ်ပွဲတွေမှာ ၎င်းတို့၏ တေးသီချင်းများကို မသုံးဖို့ တားမြစ်လိုက်တဲ့ ရိုလင်းစတုန်းအဖွဲ့

နယူးယော့ခ်၊ မေ ၆ ။          ။ ရော့ခ်တေးဂီတအဖွဲ့ကြီး ရိုလင်းစတုန်းအဖွဲ့က ရီပါဘလစ်ကန် ပါတီကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်ပ်ကို မဲဆွယ်ပွဲများတွင်  ၎င်းတို့၏တေးသီချင်းကို အသုံးပြုခြင်းမပြုရန် တားမြစ်ပြော ကြားခဲ့သည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်ပ်သည် မဲဆွယ် ပွဲတွင် အဖွဲ့၏ တေးသီချင်းများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ရိုလင်းစတုန်းအဖွဲ့အနေဖြင့် ဒေါ်နယ်ထရပ်ကို မဲဆွယ်ပွဲတွေမှာ အဖွဲ့ရဲ့ တေးသီချင်းတွေကို အသုံးပြုဖို့ ဘယ်တုန်းကမှ ခွင့်ပြုပေးခဲ့တာ မရှိပါဘူး။ အဖွဲ့တေးသီချင်းတွေ အသုံးပြုတာကို ရပ်တန်း ကရပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေါ်နယ်ထရမ့်ပ်သည် ၎င်း၏ မဲဆွယ်ပွဲများတွင် ရိုလင်းစတုန်းအဖွဲ့၏ တေးသီချင်းများကို လပေါင်းများစွာကြာ အသုံးပြုလျက်ရှိပြီး ၁၉၆၉ ခုနှစ်က အဖွဲ့၏ နာမည်ကြီးခဲ့သည့် တေးသီချင်းတစ် ပုဒ်ဖြစ်သည့် “You Can’t Always Get What You Want” တေးသီချင်းသည် အထူးတလည် ရေပန်းစား အသုံးများလျက် ရှိသည်။

ရိုလင်စတုန်းအဖွဲ့သည် ဒေါ်နယ်ထရပ်ကို မဲဆွယ်ပွဲတွင် ၎င်းတို့၏ တေးသီချင်း အသုံးပြုခြင်းကို ရပ်တန့်ပေးဖို့ ပြောကြားခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly