အာဖဂန်ရှိ မိဘမဲ့ကလေးများကို ငွေကြေးများ တိတ်တဆိတ် ထောက်ပံ့လှူဒါန်းခဲ့တဲ့ ပရင့်စ်

အာဖဂန်ရှိ မိဘမဲ့ကလေးများကို ငွေကြေးများ တိတ်တဆိတ် ထောက်ပံ့လှူဒါန်းခဲ့တဲ့ ပရင့်စ်

နယူးယော့ခ်၊ မေ ၆ ။             ။ ပြီးခဲ့သည့်လပိုင်းကမှ ကွယ်လွန်သွားသည့် အမေရိကန် အဆိုတော်ကြီး ပရင့်စ်သည် သက်ရှိ ထင်ရှားရှိစဉ်အခါက စစ်ပွဲများဖြင့် ထိခိုက်ပျက်စီးနေခဲ့သော အာဖဂန် နစ္စတန်နိုင်ငံရှိ မိဘမဲ့ ကလေး ငယ်များကို ငွေကြေးများ တိတ်တဆိတ် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း ချို့တဲ့သူများကို အကူအ ညီပေးရေးအဖွဲ့တစ်ခုက ထုတ်ဖော်ပြောကြားလိုက်သည်။    

ပေါ့ပ်သီချင်းများဖြင့် ကမ္ဘာကျော်ခဲ့သည့် အဆိုတော်ကြီး ပရင့်စ်မှာ ဂီတ ဖန်တီးမှုပိုင်းတွင် ထူးချွန်လှသူဖြစ်သည့်အပြင် သူတစ်ဘက်သားအပေါ်တွင်လည်း လွန်စွာသနားကြင်နာတတ်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ကွယ်လွန်စဉ်အချိန်က အသက် ၅၇ နှစ်ရှိပြီဖြစ်သည့် ပေါ့ပ်အဆိုကျော်မှာ အာဖဂန်နစ္စတန် နိုင်ငံရှိ ကလေးသူငယ်များနှင့် အမျိုးသမီးများကို ထောက်ပံ့ပေးနေသော NGO အဖွဲ့တစ်ခုထံ သို့  ဒေါ်လာ ထောင်ပေါင်းများစွာကို တိတ်တဆိတ် လာရောက်လှူဒါန်းထားခဲ့ကြောင်း အဆိုပါ အဖွဲ့မှ အမှုဆောင် ဒါရိုက်တာဖြစ်သူက ပြောကြားသည်။

၎င်း လှူဒါန်းထားခဲ့သော ငွေကြေးများကို မိဘမဲ့ကလေးများအပါအဝင် ကလေးငယ် ၂၀၀၀ ခန့်ကို ယခုအခါ စောင့်ရှောက်မှုများပေးနေသော ကင်းထောက် ၁၀၀ ဦးကို သင်တန်းပေးမှုများတွင် အသုံးပြုလျက်ရှိကြောင်း ချို့တဲ့သူများ အကူညီပေးရေးအဖွဲ့က ပြောကြားသည်။

၂၀၁၀ ခုနှစ်က ပရိတအလှူရှင်ဘက်တီတစ်ဒဲလ် အာဖဂန်နစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက်  ပရင့်စ်သည်  အာဖဂန်နိုင်ငံအတွင်းရှိ မိဘမဲ့ကလေးများကို ငွေကြေးများ တိတ်တဆိတ် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ချို့တဲ့သူများ အကူညီပေးရေးအဖွဲ့က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly