ရန်ကုန်၊ မေ ၅ ။ ။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအလှူပွဲအနေဖြင့် ရှင်သန်ခြင်းနှင်းဆီအငြိမ့်ကို မေ ၁၃ရက်နှင့် ၁၄ရက်တွင် အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။
ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)မှ စီစဉ်တင်ဆက်ခြင်းဖြစ်ပြီး မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး၊ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံစသည့် အနုပညာရှင်များ ပါဝင်တင်ဆက်မည်ဖြစ်သည်။
လက်မှတ်ဈေးနှုန်းများမှာ ၁၀၀၀၀၊ ၃၀၀၀၀ နှင့် ၅၀၀၀၀ကျပ်တို့ဖြစ်ပြီး မန်းသီရိတေးသံသွင်း၊ NOBODY ရန်ကင်းစင်တာ၊ ဒဂုံစင်တာ၊ စိန်ပန်းဗီဒီယိုထုတ်လုပ်ရေးတို့တွင် ဝယ်ယူနိုင်ပြီး ၀၉-၄၉၂၆၁၄၄၄၊ ၀၉-၇၈၅၀၄၄၄၃၉ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်