တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ SHINee အဖွဲ့ဝင် ဂျောင်ဟွန်း ယခုလတွင် စတူဒီယို တေးအယ်လ်ဘမ် ထွက်ရှိရန် လုပ်ဆောင်လျက်ရှိကြောင်း SM Entertainment က ပြောကြားခဲ့သည်။
ဂျောင်ဟွန်းသည် မေလ စတုတ္ထအပတ်တွင် စတူဒီယို တေးအယ်လ်ဘမ်နှင့်အတူ ပြန်လာဖို့ အတွက် လုပ်ဆောင်လျက်ရှိကြောင်း အစောပိုင်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားသည်။
ဂျောင်ဟွန်းသည် တေးအယ်လ်ဘမ်အတွက် အသံသွင်းမှုများနှင့် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင် နေသည်။ ဂျောင်ဟွန်းသည် တေးအယ်လ်ဘမ်သစ်တွင် အဆိုတော် - သီချင်းရေးသူ တစ်ဦးအဖြစ် ၎င်း၏ ကျွမ်းကျင်မှုများကို ပြသရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။
ဂျောင်ဟွန်းသည် မေ ၃ ရက်က ၎င်း၏ ရေဒီယိုအစီစဉ် “Jonghyoun’s Blue Night” တွင် စတူဒီယို တေးအယ်လ်ဘမ်အတွက် လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မကြာမီ ထွက်ရှိမည့် စတူဒီယိုတေးအယ်လ်ဘမ်သည် တစ်ကိုယ်တော် အဆိုတော်အဖြစ် ဂျောင်ဟွန်း၏ ပထမဆုံး တေးအယ်လမ်ဖြစ်လာမည် ဖြစ်သည်။