ရော့ခ်အဆိုတော်ကြီးများ အမေရိကန် တေးဂီတဖျော်ေဖြေပွဲကြီးတွင် ဖျော်ဖြေသွားမည်

ရော့ခ်အဆိုတော်ကြီးများ အမေရိကန် တေးဂီတဖျော်ေဖြေပွဲကြီးတွင် ဖျော်ဖြေသွားမည်

နယူးယော့ခ်၊ မေ ၄ ။               ။ ရော့ခ်အဆိုတော်ကြီး ပူးလ်မက်စ်ကာနေး၊ ရိုလင်းစတုန်းနှင့် ဘော့ဒေလန်တို့သည် ယခုနှစ် အောက်တိုဘာတွင် ကျင်းပပြုလုပ်မည့် အမေရိကန် တေးဂီတဖျော်ဖြေပွဲကြီးတွင် ဖျော်ဖြေသွားမည်ဖြစ် ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

“Desert Trip” ဖျော်ဖြေပွဲကို ကာလီဖိုးနီးယားပြည်နယ် အင်ဒီအိုမြို့ရှိ Empire Polo Field တွင် အောက်တိုဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ဖျော်ဖြေတင်ဆက်မည့် အစီစဉ်တွင် ရော့ခ်တေးဂီတအဖွဲ့ The Who၊ ရိုဂါဝါးတားနှင့် Neil Young တို့လည်း ပါဝင်သည်။

ဒေလန်နှင့် ရိုလင်းစတုန်းအဖွဲ့တို့သည် အောက်တိုဘာ ၇ ရက်တွင် ဖျော်ဖြေကာ ဂီတဖျော်ဖြေ ပွဲကို ဖွင့်လှစ်သွားရန် မျှော်မှန်းထားပြီး အောက်တိုဘာ ၈ ရက်တွင် မက်စ်ကာရေးနှင့် Neil Young တို့က ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၉ ရက်တွင် ရိုဂါဝါးတားနှင့် ရော့ခ်တေးဂီတအဖွဲ့ The Who တို ဖျော်ဖြေသွားမည်ဖြစ်ကြောင်း LA Times တွင် ဖော်ပြထားသည်။

လက်မှတ်များကို မေ ၉ ရက် ပစိဖိတ်စံတော်ချိန် နံနက် ၁၀ နာရီအချိန်တွင် Desert Trip ဝက်ဆိုက်ဘ်မှ ရောင်းချပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly