ဘေလ်ဘုတ်၏ Millennium Award ဆုကို လက်ခံရရှိမည့် ဘရစ်တနီစပီးယား

ဘေလ်ဘုတ်၏ Millennium Award ဆုကို လက်ခံရရှိမည့် ဘရစ်တနီစပီးယား

ကမ္ဘာကျော်အဆိုတော် ဘရစ်တနီစပီးယားသည် လက်စ်ဗီးဂက်စ်မြို့၌ မေ ၂၂ ရက်တွင် ကျင်းပပြုလုပ်မည့် ဘေလ်ဘုတ်၏ ဆုပေးပွဲအခမ်းအနားတွင် Millennium Award ဆုကို ရရှိမည့် တတိယမြောက် အဆိုတော်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

ဘေလ်ဘုတ်၏ Millennium Award ဆုကို ၂၀၁၁ ခုနှစ်က ဘီယွန်စေးက ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ဝှိုက်နေဟူစတျန်က ရရှိခဲ့သည်။ ယင်းဆုကို ဂီတလုပ်ငန်းတွင် အောင်မြင်မှုများရရှိအောင် လုပ်ဆောင်နိုင်သည့် ထူးချွန်သော အနုပညာရှင်များကို ချီးမြှင့်သည့် ဆုဖြစ်သည်။ ယခုလနှောင်းပိုင်း တွင် ကျင်းပပြုလုပ်မည့် ဆုပေးပွဲတွင် ဘရစ်တနီစပီးယားသည် ၎င်း၏ အောင်မြင်ကျော် ကြားသော တေးသီချင်းများဖြင့် ဖျော်ဖြေပေးသွားမည် ဖြစ်သည်။

ဘရစ်တနီစပီးယားသည် တစ်နှစ်တာ အကောင်းဆုံး မျက်နှာသစ်ဆု(၁၉၉၉ ခုနှစ်)၊ တစ်နှစ် တာ အကောင်းဆုံး အမျိုးသမီး အဆိုတော်ဆု(၁၉၉၉ ခုနှစ်)၊ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး တေးအယ်လ်ဘမ်ဆု (၁၉၉၉ ခုနှစ်)၊ Albums Artist of the Year (၂၀၀၀ ခုနှစ်)နှင့် Hot Dance Sales Single of the Year (၂၀၀၄ ခုနှစ်) ဆု စုစုပေါင်း ဘေလ်ဘုတ် တေးဂီတ ဆုခြောက်ဆုကို ရရှိထားဖူးသူတစ်ဦး ဖြစ်သည်။

၂၀၀၀ ခုနှစ်ကလည်း ဘရစ်တနီသည် “Baby One More Time” တေးအယ်လ်ဘမ်ဖြင့် ပထမသီတင်းပတ် ရောင်းအားအကောင်းဆုံး အမျိုးသမီးအဆိုတော်ဆုကို ရရှိခဲ့သည်။ ဘရစ်တနီ သည် ၁၉၉၉ ခုနှစ်က ပထမဆုံးအကြိမ် တေးအယ်လ်ဘမ် ထွက်ရှိပြီးသည့်အချိန်မှစ၍ ၎င်း၏ တေးအယ်လ်ဘမ် ခြောက်ခုသည် ဘေလ်ဘုတ်ဇယားတွင် ထိပ်ဆုးမှ ရပ်တည်ခဲ့သည်။

စပီယားသည် လက်ရှိအချိန်တွင် လက်စ်ဗီးဂက်စ်မြို့ရှိ ၎င်း၏ နေအိမ်တွင် နေထိုင်လျက်ရှိပြီး နဝမမြောက် တေးအယ်လ်ဘမ်ကို လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly