နာနာဘာဝ ရုပ်ရှင် ဇာတ်ကားကြီးတွင် အဓိကဇာတ်ဆောင်အဖြစ် ဗေလုဝ သရုပ်ဆောင်မည်

နာနာဘာဝ ရုပ်ရှင် ဇာတ်ကားကြီးတွင် အဓိကဇာတ်ဆောင်အဖြစ် ဗေလုဝ သရုပ်ဆောင်မည်
ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရန်ကုန် ၊ ဧပြီ ၂၉ ။             ။ သရုပ်ဆောင် အကယ်ဒမီ ဗေလု၀ အဓိက ဇာတ်ကောင် အဖြစ် ပါဝင်မည့် နာနာဘာ၀ ဟု အမည် ပေးထားသည့် ရုပ်ရှင် ဇာတ်ကားကြီးကို ဇူလိုင် လ ထဲတွင် စတင် ရိုက်ကူး သွားမည် ဖြစ်ကြောင်း Myanmar Media 7 မှ ကိုဝေမင်းမောင် က မဇ္ဈိမ ကို ပြောသည်။

နာနာဘာ၀ အမည်ရှိ ရုပ်ရှင် ဇာတ်ကားကြီး သည် ဇာတ်လမ်း ၊ ဇာတ်ညွှန်း အကြည်တော် ဖြစ်ပြီး ဒါရိုက်တာ ညီညီထွန်းလွင် မှ ရိုက်ကူး ပုံဖော် မည် ဖြစ်ကာ အဓိက ဇာတ်ကောင် အဖြစ် သရုပ်ဆောင် ဗေလု၀ မှ ပါဝင်မည် ဖြစ်ပြီး အခြား ဇာတ်ပို့ ၊ ဇာတ်ရံ များစွာလည်း ပါဝင် မည် ဖြစ်သည်။

Myanmar Media 7 မှ ကိုဝေမင်းမောင် က "ဒီ ရုပ်ရှင် ကား ကတော့ အရမ်း ထူးဆန်း လိမ့်မှာပါ" ဟု ပြောသည်။

ထို ရုပ်ရှင် ဇာတ်ကား သည် ဟာသ ရုပ်ရှင် ဇာတ်လမ်း တစ်ခု ဖြစ်မည့် အပြင် ကြောက်လန့်စရာ ဇာတ်ဝင်ခန်း များလည်း ပါဝင်မည် ဖြစ်သည်။

 ပုံစံအားဖြင့် ဇာတ်ကားများတွင် သရဲကို လူက ကြောက်လန့်သည့် ဇာတ်ကား များ ဖြစ်ကာ ယခု နာနာဘာ၀ ရုပ်ရှင် ဇာတ်ကား မှာတော့ သရဲ မှ လူကို ပြန်လည် ကြောက်လန့်မည့် ဇာတ်ကား ဖြစ်သည်။

နာနာဘာ၀ ရုပ်ရှင် ဇာတ်ကားရိုက်ကူးရန် ပြင်ဆင် မှုများ ကို ကြိုတင် လုပ်ဆောင် သွားမည် ဖြစ်ပြီး ဇူလိုင် ၇ရက်တွင် စတင် ရိုက်ကူးမည် ဖြစ်ပြီး ရန်ကုန်မြို့တွင် အဓိက ရိုက်ကူးမည် ဖြစ်ကာ ပုဂံတွင်လည်း သွားရောက် ရိုက်ကူး ရန် စီစဉ် ထားသည်။

ယခု ရိုက်ကူးမည့် နာနာဘာဝ ရုပ်ရှင် ဇာတ်ကားကြီး ကတော့ Myanmar Media 7 ကုမ္ပဏီ ၏ ငါးကားမြောက် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကားလည်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ရုံတင် ပြသ နိုင်ရန် စီစဉ် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly