ပုဂ္ဂလိကရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ဂျာမန်ဘောလုံးကလပ်များ ထောက်ခံ

ပုဂ္ဂလိကရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ဂျာမန်ဘောလုံးကလပ်များ ထောက်ခံ

ဂျာမန်ဘောလုံးကလပ်တွေဟာ ပုဂ္ဂလိကရှယ်ယာရင်းနှီးမြှုပ်နှံမှုရယူဖို့ အစီအစဉ်တရပ်ကို တနင်္လာနေ့က ထောက်ခံခဲ့ကြပါတယ်။ ကလပ်တွေအနေနဲ့ ဒီအစီအစဉ်အတွက် ဖလှယ်ရာမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကို ၎င်းတို့ရဲ့ ရုပ်သံထုတ်လုပ်ခွင့်ဆိုင်ရာ ဝင်ငွေရဲ့ ရှယ်ယာတွေကို လာမယ့် ဆယ်စုနှစ်နှစ်ခုစာအတွက် ပေးဆောင်ဖို့ သဘောတူညီဖွယ်ရှိပါတယ်။

စုစုပေါင်း ဂျာမန်ဘောလုံးကလပ် ၃၆ သင်းအနက်မှ ၂၄ သင်းဟာ ဖရန့်ဖတ်မြို့ရှိ စည်းဝေးပွဲတခုမှာ ယင်းအစီအစဉ်ကို ထောက်ခံမဲပေးခဲ့ပြီး အဆိုပြုချက်အတွက် လိုအပ်တဲ့ အဓိက မဲ သုံးပုံနှစ်ပုံအထိ ရရှိခဲ့တာပါ။

မဲအနည်းငယ်သာ ရရှိမယ်ဆိုရင် ဒီလုပ်ငန်းစဉ် ကျရှုံးမှာပါ။ ကလပ်အသင်း ၁၀ သင်းမှ ဒီအစီအစဉ်ကို ဆန့်ကျင်မဲပေးခဲ့ပြီး နှစ်သင်းက လျှို့ဝှက်မဲပေးမှုဖြင့် ကြားနေခဲ့တာပါ။

အခကြေးငွေ ကြီးကြီးမားမားရရှိဖို့အတွက် အလှဲအလှယ်အနေနဲ့ ရုပ်သံဝင်ငွေရဲ့ ပိုများတဲ့ ရာခိုင်နှုန်းကို ရောင်းထုတ်ဖို့ ကြိုးပမ်းတဲ့ အလားတူ အဆိုပြုချက်တခုရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် မေလက မဲပေးပြီးချိန်မှာတော့ ဒီအဆိုပြိုချက်အတွက် လိုအပ်တဲ့ မဲအများစုကို မရခဲ့ကြပါဘူး။

မဲပေးမှုကို အဆိုပြုခဲ့တဲ့ ဂျာမန်ဘောလုံးလိဂ် (DFL) က ၎င်းဟာ ကလပ်တွေနဲ့ ပထမတန်း လိဂ်နှစ်ခုရဲ့ "ရေရှည်တည်တံ့တဲ့ အောင်မြင်မှုကို အာမခံနိုင်လိမ့်မယ်"လို့ ပြောပါတယ်။

"ရည်မှန်းချက်က ဘွန်ဒစ်လီဂါနဲ့ ဘွန်ဒစ်လီဂါ -၂ တို့အတွက် လူမှုရေးပေါင်းစည်းမှုနဲ့ စီးပွားရေးတိုးတက်မှုအကြား ဟန်ချက်ညီမှုကို ထိန်းကျောင်းထားစဉ် အားကစားနဲ့ စီးပွားရေးဆိုင်ရာအရ ယှဉ်ပြိုင်နိုင်စေဖို့နဲ့  ဘဏ္ဍာရေးအရ ဆက်လက် တည်ငြိမ်နေစေဖိုဖြစ်ပါတယ်။"

အထူးသဖြင့် DFL က ခန့်မှန်းခြေအားဖြင့် ယူရို တဘီလီယံ (ဒေါ်လာ ၁.၀၈ ဘီလီယံ) နီးပါးရှိတဲ့ ငွေကြေးတွေကို streaming platform တခုထူထောင်ခြင်းအပါအဝင် ဈေးကွက်ရှာဖွေရေးနဲ့ နိုင်ငံတကာပြုရေးမှာ အသုံးပြုမှာဖြစ်တယ်လို့ ပြောပါတယ်။

နောက်ထပ်ရန်ပုံငွေတွေကို ကလပ်အသင်းတွေအတွက် ရေတိုလျော်ကြေးငွေတွေ ပေးအပ်ဖို့နဲ့ ကြေညာ ရည်ရွယ်ချက်တွေအတွက် ကလပ်အသင်းတွေကို နိုင်ငံခြားကို ထွက်ဖို့ ပံ့ပိုးတဲ့အနေနဲ့ ငွေကြေးထူထောင်ရာမှာ အသုံးပြုမှာဖြစ်ပါတယ်။

DFL အမှုဆောင်အရာရှိချုပ် စတီဖင် မာကယ်က "ဂျာမန်ဘောလုံးလောကဟာ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်နေပြီ"ဆိုတဲ့ ရလဒ်ပြသခဲ့တယ်လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင်အရာရှိချုပ် ဇန်-ခရစ္စတီယန် ဒရီးဆန်ကလည်း "လိဂ်ကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျနော်တို့ လိုချင်တဲ့ ရလဒ်တွေ ရခဲ့တယ်"လို့ ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly