စစ်ဆင်ရေး ၁၀၂၇ နဲ့ စစ်ကောင်စီ လားရာ

စစ်ဆင်ရေး ၁၀၂၇ နဲ့ စစ်ကောင်စီ လားရာ

ရှမ်းမြောက်ကစတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာ တစ်နိုင်ငံလုံးထိုးစစ်အဆင့်ကို ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ ဧရာဝတီတိုင်းကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ်အနှံ့အပြားမှာ ခုခံတော်လှန်ရေးအင် အားစုတွေဟာ စစ်ဆင်ရေး ၁၀၂၇ နဲ့အတူ ဟန်ချက်ညီစစ်ဆင်ရေးတွေကိုဆက်လက်ဆင်နွှဲနေခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ တစ်လအတွင်း ရှမ်းမြောက်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီဘက်က တပ်စခန်းကြီးငယ် စုစုပေါင်း ၂၀၀ အထက်ဆုံးရှုံးထားခဲ့သလို မြို့ခုနစ်မြို့ ထက်မနည်း လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly