ရွှေကုက္ကိုစီမံကိန်း၌ ပါဝင်သူများအား ဗြိတိန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခြင်းအား Burma Campaign UK ကြိုဆို 

ရွှေကုက္ကိုစီမံကိန်း၌ ပါဝင်သူများအား ဗြိတိန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခြင်းအား Burma Campaign UK ကြိုဆို 

ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုစီမံကိန်း၌ ပါဝင်သူ သုံးဦးကို ပစ်မှတ်ထားပြီး ဗြိတိန်၏ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ခြင်းကို Burma Campaign UK အဖွဲ့က ကြိုဆိုလိုက်သည်။ 

လူကုန်ကူးမှု၊ အတင်းအကျပ် လုပ်အားစေခိုင်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် Zhijiang She၊ စောမင်းမင်းနှင့် စောချစ်သူတို့ သုံးဦးကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခြင်း ဖြစ်သည်။ 

ဆယ်စုနှစ်များစွာ စောချစ်သူ ဦးစီးမှုလက်အောက်က စစ်သားများသည် ကလေးစစ်သား စုဆောင်းမှု, အရပ်သားများအား ကွပ်မျက်မှု၊ နှိပ်စက်ညှဥ်းပန်းမှု၊ အတင်းအကျပ် လုပ်အားစေခိုင်းမှုနှင့် ထင်ရာစိုင်း အရမ်းကာရော တိုက်ခိုက်မှုများအပြင် မြန်မာအာဏာသိမ်းစစ်တပ်ဘက်မှ တိုက်ခိုက်ပေးမှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာအတွက် Burma Campaign UK က မှတ်တမ်းများ စုဆောင်းထားသည်။ DKBA ၏ ခေါင်းဆောင် လက်ရှိ၌ မြန်မာစစ်တပ် အလုံးစုံ ထိန်းချုပ်မှုအောက်ရှိသော နယ်ခြားစောင့်တပ်၏ ခေါင်းဆောင်ဖြစ်သော စောချစ်သူသည် မူးယစ်ဆေးဝါးမှု၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လူမှောင်ခိုကူးခြင်းနှင့် အကျင့်ပျက်ခြစားသော စီးပွားရေး သဘောတူညီချက်များတွင်လည်း ပါဝင်နေသည်သူ ဖြစ်သည်။ 

စောချစ်သူ၊ DKBA  နှင့် မိတ်ဖက်အဖွဲ့များကို စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ဒဏ်ခတ်ပိတ်ဆို့ရန် ၂၀၀၀ ခုနှစ်များအတွင်းက Burma Campaign UK သည်  ဗြိတိန်အစိုးရအား ပထမဆုံး မေတ္တာရပ်ခံဖူးသည်။  

“စောချစ်သူကို ခုလို ဒဏ်ခတ်ပိတ်ဆို့တာဟာ သူ့ ကွပ်ကဲမှုအောက်က စစ်သားတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆယ်စုနှစ်များစွာအတွက် သူ တာဝန်ခံလာဖို့ ထိရောက်တဲ့ ခြေလှမ်းတရပ်ပါပဲ”ဟု Burma Campaign UK ၏ ဒါရိုက်တာ မတ် ဖာမန်နာက ပြောသည်။ “ဒီ ဒဏ်ခတ်ပိတ်ဆို့မှုဟာ ရွှေကုက္ကိုစီမံကိန်း ရှိနေတာအတွက် အန္တရာယ်များကြောင်း ပြောဆိုသတိပေးဖို့ ဘေးမကင်းတဲ့ ကြားက ကြိုးစားကြတဲ့ Karen Peace Support Network အဖွဲ့ဝင်တွေလို ကရင်လူမှုအဖွဲ့အစည်းတွေအတွက်တော့အောင်ပွဲတခုပါပဲ”ဟု ၎င်းက ဆိုသည်။ 

၂၀၂၃ အောက်တိုဘာ ၃၁ ရက်က နောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီး မကြာမီ ထွက်ပေါ်လာသော ယခု ဒဏ်ခတ်ပိတ်ဆို့မှုကို Burma Campaign UK က ကြိုဆိုခြင်း ဖြစ်သည်။ ဗြိတိန်အစိုးရအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရေး ခြေလှမ်းရန် Burma Campaign UK က တိုက်တွန်းလျက် ရှိနေခြင်းလည်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly