I.O.I အဖွဲ့ ပွဲဦးထွက် ဖျော်ဖြေပွဲမှ ရရှိသော ငွေများကို ချို့တဲ့သူများ ကူညီရေးအဖွဲ့သို့ လှူဒါန်းမည်

I.O.I အဖွဲ့ ပွဲဦးထွက် ဖျော်ဖြေပွဲမှ ရရှိသော ငွေများကို ချို့တဲ့သူများ ကူညီရေးအဖွဲ့သို့ လှူဒါန်းမည်

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့သည် မေ ၅ ရက်တွင် ၎င်းတို့၏ ပထမဆုံး ဖျော်ဖြေပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် လက်မှတ်ရောင်းချခြင်းမှ ရရှိသော ငွေအားလုံးကို ချို့တဲ့သူများ ကူညီရေးအဖွဲ့သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

I.O.I အဖွဲ့သည် မေ ၄ ရက်တွင် မီနီအယ်လ်ဘမ် ထွက်ရှိသွားမည်ဖြစ်ပြီး ဖျော်ဖြေပွဲကို  လူ ၃၀၀၀ ကျော်ဆံ့သည့် ဂျောင်ချောင်အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ယင်းဖျော်ဖြေ ပွဲသည် ၎င်းတို့အဖွဲ့၏ ပွဲဦးထွက် ဖျော်ဖြေပွဲ ဖြစ်လာမည်ဖြစ်သည်။

ဖျော်ဖြေပွဲလက်မှတ်များကို လက်မှတ်တစ်စောင်လျှင် ဝမ်ငွေ ၁၀၀ ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး ရရှိငွေများကို ပရိတ်သတ်များ၏ သဘောထား ထင်မြင်ချက်အပေါ် မူတည်၍ I.O.I နှင့် ပရိတ်သတ်များ နာမည်ဖြင့် ချို့တဲ့သူများ ကူညီရေးအဖွဲ့သို့ လှူဒါန်းသွားမည် ဖြစ်သည်။

ဖျော်ဖြေပွဲလက်မှတ်များကို ကိုရီးယားစံတော်ချိန် နေ့လည် ၂ နာရီအချိန်တွင် တေးဂီတဆိုဒ် Melon မှတစ်ဆင့် ရောင်းချပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly