Maleficent နောက်ဆက်တွဲ ရုပ်ရှင်ကားတွင် ပြန်လည်ပါဝင် သရုပ်ဆောင်သွားမည့် အိန်ဂျလီနာဂျိုလီ

Maleficent နောက်ဆက်တွဲ ရုပ်ရှင်ကားတွင် ပြန်လည်ပါဝင် သရုပ်ဆောင်သွားမည့် အိန်ဂျလီနာဂျိုလီ

နယူးယော့ခ်၊ ဧပြီ ၂၇ ။             ။ ဟောလီးဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီသည် Maleficent နောက်ဆက်တွဲ ရုပ်ရှင်ကား တွင် ပါဝင်သရုပ်ဆောင်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း  Disney ကုမ္ပဏီက ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဂျိုလီသည် Maelficent နောက်ဆက်တွဲ ရုပ်ရှင်ကားတွင် Sleeping Beauty အဖြစ် ပါဝင်သ ရုပ်ဆောင်သွားမည်ဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာ လင်ဒါဝိုလ်ဗာတန်ကပဲ ဇာတ်ညွှန်းကို ရေးသားသွား မည်ဖြစ်ကြောင်း Disney ကုမ္ပဏီက အတည်ပြု ပြောကြားခဲ့သည်။

“ကျွန်မ ဒီရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်ရမယ်ဆိုတဲ့အတွက် အရမ်းကို ပျော်ပါတယ်။ ကျွန်မတို့က ဒီရုပ်ရှင်ကား ပထမပိုင်း ရိုက်ကူးခဲ့တုန်းက ကျွန်မ အရမ်းကို ကျေနပ်မိတယ်။ အခု နောက်ဆက်တွဲ ရုပ်ရှင်မှာ ဘယ်သူတွေပါမယ်ဆိုတာကိုတော့ ကျွန်မ မသိပါဘူး” ဟု ဂျိုလီက USA Today ကို ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် မေ၃၀ရက်က ဖြန့်ချိခဲ့သော Maleficent ဇာတ်ကားသည် မြောက်အမေရိကတွင် ရုံတင်ပြသငွေ  အမေရိကန်ဒေါ်လာ ၂၄၁ သန်းရရှိခဲ့ပြီး အခြားသောနိုင်ငံများတွင် အမေရိကန်ဒေါ်လာ ၅၁၇ သန်းရရှိခဲ့ကာ ကမ္ဘာတစ်ဝန်းတွင် ရုံတင်ပြသငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၅၈ သန်း ရရှိခဲ့သည်။

Jungel Book 2 အပါအဝင် အခြားသော ရုပ်ရှင်ကားများကိုလည်း ဖြန့်ချိရန် စီစဉ်နေကြောင်း နှင့် Cruella ရုပ်ရှင်ကားတွင် မင်းသမီး အမ်မာစတုန်း ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း  Disney ကုမ္ပဏီက အတည်ပြု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly