ကလပ်အသင်းရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးစွဲချက်တွေဟာ အဲဗာတန် အမှုနဲ့ 'လုံးဝ ကွဲပြားတယ်'လို့ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာ အခိုင်အမာပြော

ကလပ်အသင်းရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးစွဲချက်တွေဟာ အဲဗာတန် အမှုနဲ့ 'လုံးဝ ကွဲပြားတယ်'လို့ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာ အခိုင်အမာပြော

မန်ချက်စတာစီးတီး ရင်ဆိုင်နေရတဲ့ ပရီးမီးယားလိဂ်ဘဏ္ဍာရေးဆိုင်ရာ စွဲချက် ၁၁၅ ခုနဲ့ အဲဗာတန်ရဲ့ အမှတ်အနုတ်ခံရမှုတို့ဟာ "လုံးဝကွဲပြားတဲ့ အမှုတွေဖြစ်ပြီး နှိုင်းယှဉ်လို့ မရနိုင်""ကြောင်း ပက် ဂွာဒီယိုလာက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်ကြောင်း တွေ့ရှိပြီးနောက် တော်ဖီတို့ဟာ ၁၀ မှတ်လျော့ခံခဲ့ရတာပါ။

အဲဗာတန်အသင်း ပြစ်ဒဏ်ချခံရပြီးနောက် စီးတီးမှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို သူ့အနေနဲ့ စိုးရိမ်ခဲ့လားလို့ စီးတီးနည်းပြ ဂွာဒီယိုလာကို မေးမြန်းခဲ့ပါတယ်။

"ဒါဟာ ကွဲပြားတဲ့ အမှုနှစ်ခုပါ။ ရိုးရိုးသားသားပြောရရင် မတူညီပါဘူး"လို့ ဂွာဒီယိုလာက ပြောပါတယ်။

“အသင်းက ကျနော့် လူတွေနဲ့ ပြောဆိုခဲ့တယ်၊ အဲဒါက လုံးဝကို ကွဲပြားတယ်လို့ သူတို့က ပြောပါတယ်။"လို့ ဂွာဒီယိုလာက ဆိုပါတယ်။ သူ့ရဲ့ လိဂ်အမှတ်ပေးဇယား ဦးဆောင်သူတွေဟာ ဒုတိယနေရာက လီဗာပူးလ်နဲ့ အန်ဖီးလ်မှာ စနေနေ့ မှာ မတွေ့ဆုံခင် သောကြာနေ့မှာ ပြောခဲ့တာပါ။

"ကောင်းပါပြီ။ ၁၁၅ ခု ချိုးဖောက်တဲ့အတွက် ဒါက ပိုပြီးရှုပ်ထွေးတာကြောင့် [ကျနော်တို့ရဲ့] အဲဒီတခုက ပိုမိုရှည်လျားပါတယ်။ ဆိုတော့ စောင့်ကြည့်ကြတာပေါ့။

“အဲဒီနောက် နှစ်ဖက်ရှေ့နေတွေက သူတို့ရဲ့အမှုတွေကို တရားသူကြီးရှေ့မှာ တင်ပြပြီး စီရင်ချက်ချပါမယ်။

စီးတီးဟာ ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ချမှတ်ခံခဲ့ရမယ်ဆိုရင် သူ့အနေနဲ့ စီးတီးမှာ သူ့ရဲ့အနာဂတ်ကို စဉ်းစားမှာလားလို့ ဂွာဒီယိုလာကို မေးမြန်းရာမှာ "ကျနော် စောင့်နေမယ်။ ဒါကို စောင့်ကြည့်မယ်။ ပြီးတော့ ပြစ်ဒဏ်ချပြီးရင်တော့ ကျနော်တို့ ဒီနေရာကို လာပြီး ရှင်းပြသွားမှာပါ။

“ဒါပေမယ့် ဒါက ပရီးမီးယားလိဂ်မှာ ရှိနေမယ် ဒါမှမဟုတ် လိဂ်ဝမ်းမှာရှိနေမယ်ဆိုရင်တောင် ကျနော့်ရဲ့ အနာဂတ်ကို လုံးဝ စဉ်းစားမှာ မဟုတ်ဘူး။

"သေချာတာပေါ့၊ ကျနော့်တို့တွေ လိဂ်ဝမ်းအထိ ဆင်းခဲ့ရမယ်ဆိုရင်လည်း ကျနော် အရင်ကထက် အသင်းမှာ ဆက်နေသွားဖို့ အခွင့်အလမ်းပိုများသွားမှာပါ။ ချန်ပီယံလိဂ်လို ထိပ်တန်းပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရဖို့ တခုတည်းကိုသာ အခြေခံတာ မဟုတ်ပါဘူး။"

"ကောင်းပါပြီ၊ စီးတီးက ဘာလို့ [နေရှင်နယ်လိဂ်] ကို မသွားသလဲ"လို့ လူတွေက မေးကြတဲ့ခါ ကျနော် နားလည်ပါတယ်။ [ဆုံးဖြတ်ချက်ချ] ပြီးရင် ဘာတွေပဲဆက်ဖြစ်မလဲဆိုတာ စောင့်ပေးပါ။

စီးတီးဟာ ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုတွေအတွက် ပရီးမီးယားလိဂ်က စွဲချက်တင်ခံရတဲ့ တခုတည်းသော နောက်ထပ်အသင်းဖြစ်ပါတယ်။

သူတို့ဟာ ၂၀၀၉ မှ ၂၀၁၈ အတွင်း အကြိမ် ၁၀၀ ကျော် စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့အတွက် လွတ်လပ်တဲ့ ကော်မရှင်ထံ လွှဲပြောင်းခြင်းခံခဲ့ရပါတယ်။

စီးတီးဟာ အဲဗာတန် မတိုင်ခင် ဖေဖော်ဝါရီက စွဲချက်တင်ခံခဲ့ရတာဖြစ်ပြီး သူတို့ရဲ့ အမှုကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

“လူတွေ ကျနော်တို့ကို ဘာတွေပဲ စွပ်စွဲပြောဆိုနေပါစေ ဒါကို ကျနော်တို့ သဘောမတူပါဘူး။

"ကျနော်တို့ဟာ [ကျနာ်တို့ကိုယ်တိုင်] ခုခံကာကွယ်သွားမှာဖြစ်ပြီး ဆုံးဖြတ်ချက်ကျပြီးရင် ကျနော်က ကျနော့်ကလပ်အတွက် ပြောခွင့်ရှိသူတယောက်လို ဒီနေရာမှာ ရှိနေမှာပါ"လို့ ဂွာဒီယိုလာက ထပ်မံပြောဆိုသွားခဲ့ပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly