အာရှဖျော်ဖြေရေး အစီအစဉ်ကို ကြေညာခဲ့တဲ့ BTS

အာရှဖျော်ဖြေရေး အစီအစဉ်ကို ကြေညာခဲ့တဲ့ BTS

ဆိုးလ်၊ ဧပြီ ၂၆ ။           ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့  BTS က ၎င်းတို့၏ အာရှကမ္ဘာ လှည့်ဖျော်ဖြေရေးခရီးစဉ် “ 2016 BTS LIVE Hwa Yang Yeon Hwa on stage: epilogue”ကို စုစုပေါင်း နိုင်ငံ ခုနစ်နိုင်ငံ၊ မြို့ကြီး ၁၀ မြို့တို့တွင် ဖျော်ဖြေပွဲများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကိုရီးယားနိုင်ငံ (ဆိုးလ်)၊ ထိုင်းနိုင်ငံ(ဘန်ကောက်)၊ ဖိလစ်ပိုင်နိုင်ငံ(မနီလာ)၊ ဂျပန်နိုင်ငံ(အိုဆာကာ၊ နာဂိုယာ၊ တိုကျို)၊ တရုတ်( နန်ကျင်း ၊ပေကျင်း)၊ မာကူမြို့နှင့် ထိုင်ဝမ်တို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ဖျော်ဖြေပွဲများကို အားကစားကွင်းများ သို့မဟုတ် ကျယ်ဝန်းသော နေရာများတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဆိုးလ်မြို့ရှိ  Olympic Gymnastics အားကစားကွင်း၌ မေ ၇ ရက်နှင့် ၈ ရက် တို့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly