Good Base မျက်နှာသစ်မော်ဒယ်အဖြစ် လုပ်ဆောင်ရန် လက်မှတ်ရေးထိုးခဲ့သည့် လီမင်ဟို

Good Base မျက်နှာသစ်မော်ဒယ်အဖြစ် လုပ်ဆောင်ရန် လက်မှတ်ရေးထိုးခဲ့သည့် လီမင်ဟို

ဆိုးလ်၊ ဧပြီ ၂၆ ။              ။ တောင်ကိုရီးယား မင်းသား လီမင်ဟိုကို  ဒေသတွင်း ကျန်မာရေး အစားအစာအမှတ်တံဆိပ်  Good Base ၏ မျက်နှာသစ် မော်ဒယ်အဖြစ် လုပ်ဆောင်ပေးရန် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း ကုမ္ပဏီက ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ လီမင်ဟိုရဲ့ သန့်ရှင်းမှုနဲ့ ကျန်းမာရေး ကောင်းမွန်သော ပုံရိပ်တို့က  Good Base က အလေးထား လုပ်ဆောင်နေတဲ့ သဘာဝသန့်စင်မှုအတွက် သင့်တော်ပါတယ်”ဟု Good Base မှ တာဝန်ရှိပုဂ္ဂိုလ် လီကောင်ဒန်က ပြောကြားသည်။

 လီမင်ဟိုသည် “ Boys Over Flowers” နှင့် “ The Heirs”ကဲ့သို့သော ဒရမ်မာကားများဖြင့် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သော မင်းသားဖြစ်သည်။ Good Base သည် ကိုရီယားဂျင်ဆင်း ကော်ပိုရေးရှင်းက လုပ်ကိုင်နေသော ကျန်းမာရေးဆိုင်ရာ အစားအစာ အမှတ်တံဆိပ်တစ်ခုဖြစ်သည်။

ကိုရီးယားဂျင်ဆင်း ကော်ပိုရေးရှင်းသည် ၎င်းတို့၏ အမှတ်တံဆိပ် ထုတ်ကုန်အားလုံးကို အရည်အသွေးသတ်မှတ်ချက် ၂၉၀ အပေါ် မူတည်၍ ကြပ်မတ်လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly