အသက် ၁၈ နှစ်ငယ်တဲ့ ဂျူနီယာနဲ့ တွဲနေတဲ့ ဗြိတိန်မင်းသမီးကြီး ဒန်နီရဲလ်ဝက်စ်ဘရော့ခ်

အသက် ၁၈ နှစ်ငယ်တဲ့ ဂျူနီယာနဲ့ တွဲနေတဲ့ ဗြိတိန်မင်းသမီးကြီး ဒန်နီရဲလ်ဝက်စ်ဘရော့ခ်

နယူးယော့ခ်၊ ဧပြီ ၂၆ ။               ။ ဗြိတိန်မင်းသမီးကြီး ဒန်နီရဲလ်ဝက်စ်ဘရော့ခ်သည် ၎င်းထက် အသက် ၁၈ နှစ်ငယ်သော ဂျူနီယာဖြစ်သူ ဂျော့အာနိုးလ်နှင့် တွဲနေကြောင်း လူမှုရေးမီဒီယာတွင် အတည်ပြုပြောကြားခဲ့သည်။

အသက် ၄၂ နှစ်အရွယ်ရှိ လန်ဒန်နွယ်ဖွား မင်းသမီးကြီး ဒန်နီရဲလ်ဝက်စ်ဘရော့ခ်သည် ၎င်းအနုပညာလောကသို့ စတင်ဝင်ရောက်ချိန်တွင် ပရိတ်သတ်များ လက်ခံအားပေးခဲ့သော ဘီဘီစီ ရုပ်မြင်သံကြား၏ “EastEnders” ရုပ်သံဇာတ်လမ်းတွဲ အစီအစဉ်တွင် ဆမ်မစ်ချဲလ်အဖြစ် ပြန်လည် သရုပ်ဆောင်သွားမည်ဖြစ်သည်။ 

ဒန်နီရဲလ်က ၎င်းထက် အသက် ၁၈ နှစ်ငယ်သော  အသက် ၂၄ နှစ်အရွယ် ဂျော့အာနိုးလ်နှင့် တွဲနေကြောင်း  ITV ရုပ်သံ၏ “ Good Morning Britain”အစီအစဉ်တွင် ဧပြီ ၂၅ရက်တွင် ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလက စတင်တွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်မကုန်ခင် လက်ထက်ရန် စီစဉ်ထားကြောင်း အစီအစဉ်တင်ဆက်သူ ပီအာမိုဂန်နှင့် ဆူဆန်နာရက်ဒ်တို့ကို ဒန်နီရဲလ်က ပြောကြားခဲ့သည်။

“ ကျွန်မ ဂျော့နဲ့ အရမ်းကို ပျော်ရွှင်ရပါတယ်။ သူက အသက် ၂၄ နှစ်ပါ။ ဒါပေမဲ့ သူက သူ့ကိုယ်သူ ၄၄ နှစ်လို့ စိတ်ထဲမှာ မှတ်ယူထားတယ်။ သူဟာ ကျွန်မရဲ့ သားလောက်ပဲ ရှိတယ်လို့ လူတွေက ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့သားက ၁၉ နှစ်ပဲ ရှိသေးတာလေ”ဟု ကလေးနှစ်ယောက်အမေ ဒန်နီရဲလ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly