ဧရာတီတိုင်းဒေသကြီးက ဆရာ/ဆရာမများကို လစာနှစ်ဆပေး၍ ဝေးလံသည့် အရပ်တွင် ခန့်ရန် စီစဉ်

ဧရာတီတိုင်းဒေသကြီးက ဆရာ/ဆရာမများကို လစာနှစ်ဆပေး၍ ဝေးလံသည့် အရပ်တွင် ခန့်ရန် စီစဉ်
ဓာတ်ပုံ-မင်းမင်း/မဇ္ဈိမ

ပုသိမ် ၊ ဧပြီ ၂၆ ။               ။ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာများကို ဝေးလံသည့်အရပ်များဟုသတ်မှတ်ကာ ကျောင်း ဆရာ၊ဆရာမများအား လစာနှစ်ဆတိုးပေးပြီး ခန့်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီက ဧပြီ၂၅ရက်နေ့ တွင်မီဒီယာများသို့ပြောသည်။

"သာပေါင်းမြို့နယ်၊သဲဖြူကျေးရွာကျော်ပြီး ကညင်းငူရွာမှ မူလတန်းကျောင်းတော့ရှိတယ် ဆရာ မရှိဘူး၊ ဘာလို့လည်းမေးတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းလို၊သာပေါင်းမြို့ပေါ်နဲ့အဲဒီနေရာယှဉ်ထားလို့ရမလား၊ဘယ်သူမဆို သာပေါင်းမြို့ပေါ်မှာ နေချင်မှာပဲဝေးလံခေါင်သီလို့သတ်မှတ်လို့မရဘူးလား"ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီကပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ကျေးရွာများအား ဝေးလံသည့်အရပ်များကို A၊B၊C သတ်မှတ်ထားပြီး၊ Aအဆင့်သတ်မှတ်ထားသည့်ကျောင်းမှ ဆရာများအားထပ်ပိုငွေ တစ်သိန်း၊ Bအဆင့်သတ်မှတ်လျှင် ၈သောင်းကျပ်နှင့် Cအဆင့်သတ်မှတ်လျှင် ထပ်တိုးငွေ၆သောင်းကျပ်အားခံစားခွင့်ပြုထားရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

"သာပေါင်းမြို့နယ်က ရွာတချိုကို ဝေးလံခေါင်းသီး Aအဆင့်တောင်သတ်မှတ်လို့ရတယ်၊ လမ်းပန်းဆက်သွယ်ရေး အရမ်းခက်တယ်"ဟု  တိုင်းလူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။

လပွတ္တာမြို့၊ပြင်စလူမြို့နယ်ခွဲမှ ကျေးရွာအုပ်စု၁၄စုအားဝေးလံခေါင်းသီး B အဆင့်သတ်မှတ်ပြီးထပ်တိုးလစာ၈၀၀၀၀ကျော်အားခံစားခွင့်ပေးထားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အထက်တန်း၊အလယ်တန်းနှင့်မူလတန်းပြ ဆရာ၊ဆရာမ အင်းအား၄၉၀၆၇ဦးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly