ကရင်နီပြည်နယ် စစ်ရှောင်များအတွက် အကူအညီပေးရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး‌ကောင်စီ ဖိတ်ခေါ်

ကရင်နီပြည်နယ် စစ်ရှောင်များအတွက် အကူအညီပေးရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး‌ကောင်စီ ဖိတ်ခေါ်

စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကရင်နီပြည်နယ်တွင် စစ်ရှောင်များအတွက် အကူအညီပေးရန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး‌ကောင်စီက ဖိတ်ခေါ်လိုက်သည်။

လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ အစရှိသည့် မြို့နယ်များမှ စစ်ဘေးရှောင် ဦးရေ ၃၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရ‌သည်ဟု ကောင်စီကဆိုသည်။

စစ်ဘေးရှောင်များကို ဘေးလွတ်‌လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ ‌ပေးခြင်း၊ စစ်ဘေးရှောင်များအတွက် နေရာချထားရေး ကြိုတင်နေရာချထားပေးခြင်း၊ စားနပ်ရိက္ခာနှင့် အမိုးအကာများကို မိတ်ဖက်အဖွဲ့အစည်းများဖြင့် လက်တွဲကာ အချိန်နှင့်တ‌ပြေးညီ ဆောင်ရွက်နေသည်ဟု ကောင်စီကဆိုသည်။

"  မည်သို့ပင် ဆိုစေကာမူ လူသားချင်းစာနာထာက်ထားမှုအရေး ‌ပေါ်အကူအညီများ ကြီးမားနေဆဲဖြစ်သည်။ သိုဖြစ်၍ လိုအပ်သည့် ငွေကြေးအကူအညီများအပါအ၀င် လူသားချင်းစာနာ‌ထောက်ထားမှု ဆိုင်ရာ အရေးပေါ် အကူအညီများ ပေးဆောင်နိုင်ရေး ပြည်တွင်း ပြည်ပ စေတနာရှင်များကို တဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ် ‌စေ ဖိတ်ခေါ်ပန်ကြားအပ်ပါသည်" ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး‌ကောင်စီက ထုတ်ပြန်သည်။

ကရင်နီပြည်နယ်တွင် စစ်ဆင်ရေး 1111 မှာ အရှိန်မြင့်လာပြီဖြစ် ပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် အင်အားသုံးတိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီက လေ‌ကြောင်း၊ လက်နက်ကြီးများဖြင့် အင်အားသုံး တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု တိုးမြင့်လာသည် ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး‌ကောင်စီက ဆိုသည်။

နို၀င်ဘာ ၁၁ ရက်တွင် စစ်ကောင်စီလက်နက်ကြီး‌ကြောင့် ပြည်သူ ငါးဦး သေဆုံးခဲ့‌ကြောင်း၊ နို၀င်ဘာ ၁၃ ရက်တွင် လွိုင်ကော်မြို့ နမ့်ကွတ်ရပ်ကွက်အတွင်းရှိ ပြည်သူနှစ်ဦး သေဆုံးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly