ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဥပဒေစိစစ်ရေးကော်မတီဖွဲ့

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဥပဒေစိစစ်ရေးကော်မတီဖွဲ့
 ဓာတ်ပုံ-စည်သူမောင်မောင်

ပုသိမ်၊ ဧပြီ ၂၅ ။         ။ ဧရာဝတီတိုင်းဒေသကြီး၊ လွှတ်တော်တွင် ဥပဒေစိစစ်ရေးကော်မတီအား တိုင်းလွှတ်တော် ပထမပုံအစည်းအဝေး နဝမနေ့ဧပြီလ၂၅ရက်နေ့တွင် လွှတ်တော်တွင်ဖွ့ဲစည်းခဲ့သည်။

တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြမည် ဥပဒေကြမ်းသည့် သက်ဆိုင်ရာဌာန၏လုပ်ထုံးလုပ်နည်း အမိန့်၊ညွန်ကြားချက်များနှင့်ကိုက်ညီမှုရှိမရှိ၊ဖွဲ့စည်းပုံအခြေခံဥပဒေ အခြားတည်ဆဲဥပဒေ၊ပြည်ထောင်စုလွှတ်တော်ကပြဌာန်းသည့်ဥပဒေများနှင့်လိုက်လျောမှုရှိမရှိစိစစ်ရန်တို့အား ဥပဒေစိစစ်ရေးကော်မတီတာဝန်များဖြစ်ကြောင်း ဒုဥက္ကဋ္ဌဦးစံမင်းအောင်က လွှတ်တော်သို့တင်ပြသည်။

"တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြသည့် ဥပဒေကြမ်းများအား ဥပဒေပြုကော်မတီနဲ့ပူးပေါင်ပြီးလေ့လာစိစစ်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြသည့် ဥပဒေကြမ်းသည် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၈၈ နောက်ဆက်တွဲပါ ဇယား၂ကိုက်မကိုက်လေ့လာစိစစ်ရန်၊ ဥပဒေကြမ်းသည့် ဥပဒေတစ်ရပ်အင်္ဂါရပ်နှင့်ညီညွတ်မှုရှိမရှိနှင့် ပါဝင်သင့်သော်ပြဋ္ဌာန်းချက်များ ပါဝင်မှုရှိ မရှိလေ့လာစိစစ်ရန်၊ တိုင်းလွှတ်တော်သို့ တင်ပြမည့် ဥပဒေကြမ်းသည့် နိုင်ငံတော်နှင့် အများပြည်သူအတွက် အကျိုးရှိမရှိ၎င်း၊ တိုင်းဒေသကြီး လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိမရှိကို လေ့လာစိစစ်ရန်"ဟုဥပဒေစိစစ်ရေးကော်မတီတာဝန်များအား တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌဦးစံမင်းအောင်က လွှတ်တော်တင်ပြသည်။

ဥပဒေပြုရေးကော်မတီ၏သက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း၊ ကော်မတီသည့် တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော် ပုဒ်မ၂၆အရ တိုင်းဒေသကြီးလွှတ်တော်သို့တာဝန်ခံရပြီး၊ လွှတ်တော်ကျင်းပချိန်မဟုတ်လျှင် ဥက္ကဋ္ဌကို တာဝန်ခံရမည် ဟု ဆက်လက်တင်ပြသည်။

ဥပဒေစိစစ်ရေးကော်မတီ လုပ်ပိုင်ခွင့်များမှာ"မိမိလေ့လာစိစစ်ရသော်ဥပဒေကြမ်းသည့် သက်ဆိုင်ရာဌာန လုပ်ထုံးလုပ်နည်းအမိန့်ညွန်ကြားချက်များနှင့်ကိုက်ညီမှုရှိမရှိစိစစ်ရန်အတွက် သက်ဆိုင်ရာဌာနတိုင်းအဆင့် အကြီးအကဲများကိုခေါ်ယူမေးမြန်းနိုင်ပြီး၊ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ဥပဒေကြမ်းအား ကော်မတီမှတဆင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့တင်ပြရမည်" ဟု တိုင်းလွှတ်တော်ဒုဥက္ကဌဦးစံမင်းအောင်မှ တိုင်းလွှတ်တော်သို့တင်ပြသည်။

ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ကော်မတီ၅ခုအား ဖွဲ့စည်းထားပြီးဖြစ်ကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly