သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
ဓာတ်ပုံ-နေသာ သမ္မတအိမ်တော်တွင် ၂၀၁၆ခုနှစ် သြင်္ကန်အကြိုနေ့ကပြုလုပ်သည့် မဟာသြင်္ကန်ပွဲတော်တွင်တွေ့ရစဉ်။

နေပြည်တော်၊ ဧပြီ ၂၅ ။              ။ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း သည် ဧပြီ ၂၇ ရက်နေ့ နေ့လည် တစ်နာရီတွင် နေပြည်တော်ပြည်ထောင်စုလွှတ်တော်ဝန်းအတွင်း ရှိ ကော် မရှင်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သူရဦးရွှေမန်းသည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်တွင်ကော်မရှင်ဥက္ကဌ တာဝန်ဖြင့် ပထမဆုံးအကြိမ် သတင်းမီဒီယာများ နှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်သည်။

"သတင်းစာရှင်းလင်းပွဲက သန်ဘက်ခါ နေ့လည်တစ်နာရီ အိုင်ဝမ်း နဲ့အိုင်အလဲဗင်း ဘယ်မှာလုပ်ဖြစ်မလဲဆိုတာတော့ မသိသေးဘူး " ဟု သူရဦးရွှေမန်းကော်မရှင် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သမ္မတဟောင်း ဦးသိန်းစိန် ပါတီဥက္ကဌ တာဝန်ုပန်လည်ထမ်းဆောင်ပြီးနောက် ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်ခံရသည့် ၁၇ ဦးတွင် သူရဦးရွှေမန်းပါဝင်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့၏ လုပ်ဆောင်မှုများသည် တည်ဆဲ ၊ စည်းမျဉ်း ၊ စည်းကမ်း ၊ ဥပဒေများနှင့် ညီညွှတ်မှု ရှိ မရှိဆိုသည်ကို ပြည်ခိုင်ဖြိုးပါတီဝင်များအပါအဝင် ပြည်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက သုံးသပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သူရဦးရွှေမန်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းကရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly