ဘီယွန်စေး၏ စတူဒီယို တေးအယ်လ်ဘမ်သစ် ထွက်ရှိ

ဘီယွန်စေး၏ စတူဒီယို တေးအယ်လ်ဘမ်သစ် ထွက်ရှိ

နယူးယော့ခ်၊ ဧပြီ ၂၅ ။             ။ ကမ္ဘာကျော်အဆိုတော် ဘီယွန်စေးသည် ဧပြီ ၂၃ ရက်ညနေ့က ၎င်း၏ ဆဌမမြောက် စတူဒီ ယို တေးအယ်လ်ဘမ်  “Lemonade” ထွက်ရှိခြင်းဖြင့် ပရိတ်သတ်များကို အံ့သြသွားအောင် လုပ်ဆောင်ခဲ့သည်။

စတူဒီယိုတေးအယ်လ်ဘမ်သစ်ကို ခင်ပွန်းဖြစ်သူ ဂျေဇီး၏ တေးသီချင်းဝန်ဆောင်မှု Tidal တွင် မတင်မီ HBO တေးသီချင်းဝန်ဆောင်မှုတွင် ပွဲဦးထွက်တင်ခဲ့သည်။ တေးအယ်လ်ဘမ်တွင် ဖေဖော်ဝါရီ လက ထုတ်လွှင့်ခဲ့ပြီး Superbowl ပထမပိုင်းနားချိန် တေးသီချင်းဖျော်ဖြေပွဲတွင် သီဆိုဖျော်ဖြေခဲ့သော  “ Formation” တေးသီချင်းအပါအဝင် တေးသီချင်း ၁၂ ပုဒ် ပါဝင်သည်။

ဘီယွန်စေးသည် တေးသီချင်း အယ်လ်ဘမ်သစ် ထွက်ရှိမည်ဟု ကြေညာထားခြင်းမရှိပဲ ဧပြီ ၂၃ ရက်က တေးအယ်လ်ဘမ် ထွက်ရှိခြင်းဖြင့် ပရိတ်သတ်များ အံ့သြအောင် လုပ်ဆောင်ခဲ့သည်။ Lemonade တေးအယ်လ်ဘမ်တွင် ဂျက်ခ်ဝှိုက်၊ The Weeknd၊ ဂျိမ်းဘလိတ်ခ်နှင့် ကန်ဒရစ်ခ်လာမာ အပါအဝင် နာမည်ကြီးအဆိုတော်များလည်း ပါဝင်ပြီး အမျိုးသမီးတိုင်း၏ ဘဝခရီးကို အခြေခံထား သော အယူအဆကို ဖော်ပြထားသည်။

သို့သော် တေးအယ်လ်ဘမ်သည်  ကာလရှည်ကြာ ကောလဟာလသတင်းများ ထွက်ပေါ်နေ သော ခင်ပွန်းဖြစ်သူ ဂျေဇီး၏ သစ္စာမဲ့မှုအကြောင်းကို အတည်ပြုထားသည်ဟု အများက ထင်ကြေးပေး လျက်ရှိသော်လည်း ဗီဒီယိုအဆုံးတွင် ဘီယွန်းဆေး၊ ဂျေဇီးနှင့် သမီဖြစ်သူ ဘလူးအီဗေးတို့ အတူပျော် ရွှင်နေသည့်ပုံကို တွေ့ရသည်။ ဘီယွန်စေးသည် ဧပြီ ၂၇ ရက်တွင် မီယာမီ၌ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို စတင်ရန် လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly