ပက်ခ်ဟေဂျင်း၏ ပရိတ်သတ်တွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ပက်ခ်ဟေဂျင်း၏ ပရိတ်သတ်တွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ဆိုးလ်၊ ဧပြီ ၂၅ ။             ။ ကိုရီးယားမင်းသား ပက်ခ်ဟေဂျင်းသည် အနုပညာသက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပရိတ်သတ်တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။

ပရိတ်သတ်တွေ့ဆုံပွဲကို ဆိုးလ်မြို့ ဆောင်ပါဂူရှိ အိုလံပစ်ပန်းခြံ SK Handball  အားကစား ကွင်းတွင် ကျင်းပခဲ့ရာ ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် အခြားနိုင်ငံများမှ ပရိတ်သတ် ၄၀၀၀ ခန့် လာရောက်ခဲ့ကြသည်။

ပရိတ်သတ်တွေ့ဆုံပွဲကို ပက်ခ်ဟေဂျင်းက ကြိုတင်ပြင်ဆင်မှုများနှင့် အစီစဉ်များကို ရေးဆွဲ ခဲ့သည့်အပြင် ကုန်ကျစရိတ်အားလုံးကိုလည်း စိုက်ထုတ်ခဲ့ကြောင်းနှင့် ပရိတ်သတ်တွေ့ဆုံပွဲအတွက် ဝမ်ငွေ သန်း၂၀၀ ခန့် ကုန်ကျခဲ့သည်။

တက်ရောက်လာသော ဧည့်သည်များတွင် တေးသံရှင်နှစ်ဦးဖြစ်သော ယွန်နနှင့် လီဆွတ်ဟို တို့လည်း ပါဝင်ခဲ့ပြီး ပရိတ်သတ်တွေ့ဆုံပွဲတွင် ဖျော်ဖြေတင်ဆက်ခဲ့သည်။ အသက် ၃၂ နှစ်အရွယ်ရှိ ပက်ခ်သည် အားကစားကွင်းတွင် ပရိတ်သတ်များနှင့်အတူ ဓာတ်ပုံရိုက်ခဲ့သည်။ ပရိတ်သတ်တွေ့ ဆုံပွဲကို မူလက နှစ်နာရီခန့်သာ လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း ၅ နာရီ မိနစ်သုံးဆယ်ခန့် ကြာမြင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly