ကန်အဆိုတော်ကြီး ပရင့်စ် သေဆုံးမှုသည် ကိုယ့်ကိုကိုယ် သတ်သေခြင်း လက္ခဏာ တွေ့ရှိခြင်းမရှိဟု ရဲတပ်ဖွဲ့ ပြော

ကန်အဆိုတော်ကြီး ပရင့်စ် သေဆုံးမှုသည် ကိုယ့်ကိုကိုယ် သတ်သေခြင်း လက္ခဏာ တွေ့ရှိခြင်းမရှိဟု ရဲတပ်ဖွဲ့ ပြော

နယူးယော့ခ်၊ ဧပြီ ၂၃ ။           ။ အမေရိကန်အဆိုတော်ကြီး ပရင့်စ်သေဆုံးမှုတွင် ကိုယ့်ကိုကိုယ် သတ်သေခြင်း(သို့မဟုတ်) ဒဏ်ရာဒဏ်ချက် လက္ခဏာများကို ရဲတပ်ဖွဲက တွေ့ရှိခဲ့ခြင်း မရှိသော်လည်း  ပရင့်စ် ဘယ်လိုသေဆုံး ကြောင်း အလောင်းခွဲစိတ်စစ်ဆေးမှု ရလဒ်မကြေညာမီ စုံစမ်းစစ်ဆေးမှုကို သီတင်းပတ်များစွာ အချိန် ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၅၇ နှစ်အရွယ်ရှိ ပရင့်စ်ကို ဧပြီ၂၁ရက်က မီနီအာပိုလစ်မြို့ရှိ  ၎င်း၏နေအိမ် ဓာတ်လှေကားတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ ပရိတ်သတ်များ တုန်လှုပ်ခြောက်ခြားခဲ့ပြီး  ဂီတပညာရှင်များလည်း ဝမ်းနည်းကြေကွဲခဲ့ရသည်။

“ပရင့်စ်ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ မတွေရှိရဘူး။ ဒါကြောင့် ပရင့်စ်ဟာ ကိုယ့်ကို ကိုယ် သတ်သေတယ်လို့ အထောက်အထား ကျွန်တော်တို့ မတွေ့ဘူး။ ကျန်ရှိတာတွေကို စုံစမ်းစစ် ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ကာဗာခရိုင်အရာရှိ ဂျင်အိုလ်ဆန်က ပြောကြားသည်။

လန်ဒန်တွင် ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမားကလည်း သတင်းစာရှင်းလင်းပွဲ တွင် ပရင့်စ်သေးဆုံးမှုသည် အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ၎င်းနှင့် အမေရိကန် သံအမတ်များသည် နှစ်နိုင်ငံ အစည်းအဝေးမစတင်မီ ပရင့်စ်၏ ကျော်ကြားသော  “Purple Rain” နှင့် “ Delirious” ကို နားထောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly