ပီဂျေဟာဗေး ဗြိတိန် တေးအယ်လ်ဘမ်ဇယားတွင် ပထမဆုံးအကြိမ် ထိပ်ဆုံးမှရပ်တည်

ပီဂျေဟာဗေး ဗြိတိန် တေးအယ်လ်ဘမ်ဇယားတွင် ပထမဆုံးအကြိမ် ထိပ်ဆုံးမှရပ်တည်

လန်ဒန်၊ ဧပြီ ၂၃ ။              ။ ဗြိတိန်အဆိုတော် ပီဂျေဟာဗေး၏ နောက်ဆုံးထွက်ရှိထားသော တေးအယ်လ်ဘမ် “The Hope Six Demolition  Project” သည် ဗြိတိန် တေးအယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးနေရာမှ ရပ်တည်နေကြောင်းနှင့် ယင်းအယ်လ်ဘမ်သည် ဟာဗေးအတွက် ဗြိတိန် တေးအယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည့် ပထမဆုံး တေးအယ်လ်ဘမ်ဖြစ်သည်။

ရော့ခ်တေးဂီတအဖွဲ့ The Lumineers အဖွဲ့သည် ဗြိတိန် တေးအယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံး နေရာမှ ရပ်တည်ပြီးနောက် သီတင်းပတ်တစ်ပတ်အကြာတွင် ဟာဗေး၏ နဝမမြောက် တေးအယ်လ် ဘမ်သည် ရော့ခ်တေးဂီတအဖွဲ့ The Lumineers ကို ကျော်လွန်ကာ ထိပ်ဆုံးမှ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

အဒဲလ်၏ “25” တေးသီချင်း အယ်လ်ဘမ်သည် နံပါတ်နှစ်နေရာတွင် ရပ်တည်နေပြီး အဲလက် ဒ်ဂျုန်း၏  “One Voice” တေးအယ်လ်ဘမ်သည် နံပါတ်သုံးနေရာတွင် ရပ်တည်နေကြောင်းနှင့် ဆန်တာနာ၏ “Santana IV” တေးအယ်လ်ဘမ်သည် နံပါတ်လေးနေရာတွင် ရပ်တည်နေကာ  ဂျက်စ တင်ဘီဘာ၏ “Purpose” တေးအယ်လ်ဘမ်သည် နံပါတ်ငါးနေရာတွင် ရပ်တည်လျက်ရှိသည်။

ဧပြီ ၂၁ ရက်က ရုတ်တရက် သေဆုံးသွားခဲ့သော နာမည်ကျော်အဆိုတော် ပရင့်စ်၏ ၂၀၀၆ ခုနှစ်က အောင်မြင်မှုရရှိထားသော “Ultimate Prince” တေးအယ်လ်ဘမ်သည် နံပါတ် ၁၀ နေရာတွင် ရပ်တည်နေပြီး ၂၀၁၀ ခုနှစ်က အောင်မြင်မှုရရှိထားသော “The Very Best Of” တေးအယ်လ်ဘမ် သည် နံပါတ် ၁၈ နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly