တေးအယ်လ်ဘမ်သစ်နဲ့အတူ ပြန်လာမယ့် SISTAR အဖွဲ့

တေးအယ်လ်ဘမ်သစ်နဲ့အတူ ပြန်လာမယ့် SISTAR အဖွဲ့

ဆိုးလ်၊ ဧပြီ ၂၃ ။             ။ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ SISTAR သည် မကြာမီ တေးအယ်လ်ဘမ်သစ် နှင့်အတူ ပြန်လာမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ Starship Entertainment က Osen သတင်းဌာန ကို ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

“SISTAR အဖွဲ့ဟာ နွေရာသီမှာ ပရိတ်သတ်ဆီကို ပြန်လာမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တေးအယ်လ်ဘမ်သစ်ကို လုပ်ဆောင်နေပါတယ်။ သူတို့ရဲ့ သီချင်းသစ်တွေ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် တေးသီချင်းသစ်တွေနဲ့အတူူ ပါဝင်ဆင်နွှဲရမှာပါ” ဟု ကိုယ်စား လှယ်က ပြောကြားသည်။

တေးအယ်လ်ဘမ် ထွက်ရှိမည့်ရက် သို့မဟုတ် လကို အတိအကျ ပြောကြားခြင်းမရှိသော် လည်း ပရိတ်သတ်များအနေဖြင့် နွေရာသီတွင် တေးအယ်လ်ဘမ်သစ်ကို ကြည့်ရှုနားဆင်နိုင်မည် ဖြစ်သည်။ SISTAR အဖွဲ့သည် ၂၀၁၅ ခုနှစ် ဇွန်လက “Shake It” တေးအယ်လ်ဘမ် နောက်ဆုံး ထွက်ရှိခဲ့သည်။

SISTAR အဖွဲ့သည် “Loving U” ၊  “Touch My Body” ၊  “Shake It” နှင့် အခြားသော တေးသီချင်းများ အပါအဝင် နွေရာသီ တေးသီချင်းများဖြင့် အောင်မြင်ကျော်ကြားလာသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly