ကာလို အန်ဆယ်လော့တီ ဝေဖန်မှုပြီးနောက် ဒိုင်လူကြီးတွေအပေါ် လွှမ်းမိုးမှု မလုပ်ဖို့ ဇာဗီ သတိပေး

By PK Thawn
25 October 2023
ကာလို အန်ဆယ်လော့တီ ဝေဖန်မှုပြီးနောက် ဒိုင်လူကြီးတွေအပေါ် လွှမ်းမိုးမှု မလုပ်ဖို့ ဇာဗီ သတိပေး
Photo: EPA

ဇာဗီ ဟာနန်ဒက်ဇ်က ဒိုင်လူကြီးတွေကို လွှမ်းမိုးမှု မပြုလုပ်ဖို့ သတိပေးခဲ့ပြီး သူတို့ကို ဝေဖန်ခြင်းထက် "အကူအညီ" ပေးရမယ်လို့ ပြောပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ စနေနေ့က ဆီဗီလာနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲအတွင်း ဂိုးနှစ်ဂိုးခွင့်ပြုမပေးခြင်းကြောင့် ဒေါသပေါက်ကွဲပြီးနောက် လာလီဂါမှာ ပွဲတာဝန်ကြီးကြပ်သူတွေရဲ့ စံနှုန်းတွေကို ဆန်းစစ်ဝေဖန်မှုတွေ တိုးမြှင့်လာပါတယ်။

ပွဲတာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အန်ဆယ်လော့တီရဲ့ မကျေမနပ်ဖြစ်နေတဲ့ မေးခွန်းတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့တာနဲ့အတူ မက်ဒရစ်အခြေစိုက် သတင်းဌာနအများအပြားဟာ ဗယ်လ်ဗာဒီနဲ့ ဘယ်လင်ဟမ်တို့ရဲ့ ဂိုးသွင်းတွေ ပယ်ချမှုကို ဆက်လက်သုံးသပ်နေကြပါတယ်။

“ဒိုင်လူကြီးတွေအကြောင်း ပြောဖို့ ကျနော့်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့် မရှိဘူးဆိုတာ ခင်ဗျား သိပါတယ်။ ကျနော် ထင်တာကိုပြောရင် သူတို့က ကျနော့်ကို ပွဲပယ်မယ်။ ကျနော်လုပ်ချင်တာက အလုပ်ပါပဲ။ ကျနော်ထင်တာကို ပြောရင် သူတို့က ကျနော့်ကို တာဆီးမယ်။ ဒီလိုသဘောမျိုးနဲ့ ကျနော့်မှာ လွတ်လပ်မှုမရှိဘူး … ဒီတော့ကာ ဒီမေးခွန်းကို ကျနော် မဖြေနိုင်ပါဘူး”လို့ အန်ဆယ်လော့တီက အင်္ဂါနေ့ညက ရီးယဲလ်မက်ဒရစ်က ဘရာဂါကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။

မက်ဒရစ်အတွက် လာမယ့်ပွဲအနေနဲ့ ဒီရာသီရဲ့ ပထမဆုံး ကလက်စီကို(Clasico)အတွက် ဘာစီလိုနာကို သွားရမှာဖြစ်ပြီး ဇာဗီရဲ့ အသင်းက အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ၁၄ ကြိမ် ရထားတဲ့အသင်းကို တစ်မှတ်အကွာနဲ့ ဖိအားပေးနေပါတယ်။

ဒိုင်လူကြီးတွေနဲ့ ပတ်သက်လို့ အန်ဆယ်လော့တီရဲ့ မှတ်ချက်တွေကို မေးခွန်းမေးမြန်းခဲ့ရာ ဇာဗီက ဒိုင်လူကြီးတွေဟာ အီတလီနည်းပြကြီးရဲ့ မှတ်ချက်တွေကြောင့် လွှမ်းမိုးမှုကို ခံရမှာမဟုတ်ကြောင်း သူ့ရဲ့ မျှော်လင့်ချက်ကို ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီအစား အကူအညီပေးဖို့ အာရုံစိုက်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။

"ဒိုင်အဖွဲ့ကို လွှမ်းမိုးတာ ကျနော် မကြိုက်ပါဘူး။ ဒါဟာ ခက်ခဲတဲ့ အလုပ်ပါ။"လို့ ဇာဗီက မှတ်ချက်ပြုခဲ့ပါတယ်။ "သူတို့က အမှားတွေလုပ်တယ်၊ တခါတလေ ခင်ဗျားအတွက်ဖြစ်ပြီး တခါတလေကျတော့ ခင်ဗျားနဲ့ ဆန့်ကျင်ဘက်ပါ။ ဒါပေမယ့် ကျနော်တို့က သူတို့ကို ကူညီပေးရမယ်။ တခါတလေမှာ ကျနော်တို့က တင်းမာနေတာကြောင့် စိတ်ခံစားမှုတွေ များနေပေမယ့် သူတို့ရဲ့ ရိုးသားမှုကို ကျနော် အများကြီး ယုံကြည်တယ်၊ သူတို့အလုပ်ကို လုပ်ဖို့အတွက် သူတို့ကို လွတ်ပေးထားရမယ်။ သူတို့ လွှမ်းမိုးခံရတာကို ကျနော် မကြိုက်ပါဘူး။

"အန်ဆယ်လော့တီ မှန်တယ် ... ဒိုင်လူကြီးတွေအကြောင်းပြောမိရင် ပိတ်ပင်မှုခံရမယ်။ သူအဲဒီမှာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီအကြောင်းကို သိပ်ကို ပြောနေကြလွန်းတယ်၊ သူတို့က လွှမ်းမိုးခံထားရတယ်။ အဲဒီကနေပြီးတော့ သူတို့အမှားတခု ပြုလုပ်ခဲ့ရင် ဒါဟာ ဘောလုံးပါ။ ဒါက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အဲဒီအကြောင်းကို အေးအေးဆေးဆေးပဲ ကျနော် ပြောဆိုနိုင်စေချင်တာပါ။ ဒါက အမှန်တရားပါပဲ။

"ယေဘူယျအားဖြင့်တော့ ကျနော်တို့ အမှားတွေကို ဝန်ခံနိုင်ရမယ်လို့ ကျနော် ထင်တယ်။ ဒါပေမယ့် ကျနော်တို့တွေ ဒိုင်လူကြီးတွေအကြောင်း အများကြီးပြောရင် ဒါက မကောင်းပါဘူး။ ဘာစီလိုနာအဝတ်လဲခန်းထဲမှာတင် ကျနော်တို့က ဒါကို စိုးရိမ်မှာ မဟုတ်ဘူး။ သူတို့ဟာ တတ်နိုင်သမျှ အကောင်းဆုံးလုပ်လိမ့်မယ်လို့ ကျနော်တို့က အမြဲ ယုံကြည်ပါတယ်။”

"ဆီဗီလာနဲ့ပွဲမှာ သူတို့ ခက်ခက်ခဲခဲလုပ်ခဲ့တယ်ဆိုတာ မက်ဒရစ်တို့ ခံစားခဲ့ရတယ်လို့ ကျနော် ထင်တယ်။ ဒါကို သူတို့ စောဒကတက်ခဲ့ကြတယ်။ ဒီထက် မပိုပါဘူး။ ဒါက သဘာဝပါပဲ။ ပြီးတော့ အန်ဆယ်လော့တီက မှန်တယ်၊ ခင်ဗျား ဒီအကြောင်း ပြောမိရင် သူတို့က ခင်ဗျားကို နှစ်ပွဲလောက် ပိတ်ပင်မှာပါ"

ဘာစီလိုနာဟာ မက်ဒရစ်နဲ့ ပွမကစားခင်မှာ ချန်ပီယံလိဂ်မှာ ရှတာဒိုးနက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့မှာတော့ Estadi Olímpic Lluis Companys ကွင်းမှာ ယူကရိန်းချန်ပီယံတွေကို အနိုင်ရရင် ၁၆ သင်းအဆင့်မှာ နေရာတနေရာသေချာရနိုင်မှာဖြစ်ပါတယ်။

(90min)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly