ရိုးမားက မွန်ဇာကို ၁-၀ ဂိုးဖြင့် နောက်ကျနိုင်ပွဲရပြီးနောက် စီးရီးအေမှာ အဆင့် (၇)အထိ တက်လှမ်းနိုင်ခဲ့စဉ်အတွင်း ဟိုဆေး မော်ရင်ဟိုဟာ ထုတ်ပယ်ခံခဲ့ရပါတယ်။
ရိုမီလူ လူကာကူနဲ့ ဆာဒါ အက်ဇ်မွန်တို့နှစ်ဦးစလုံးက အိမ်ရှင်အတွက် ဂိုးပေါက်ရှာမတွေ့ခဲ့ပေမယ့် Stadio Olympico ကွင်းမှာ ပွဲချိန် မိနစ် ၉၀ မှာ အနိုင်ဂိုးကို စတီဖန် အယ်လ် ရှာရာဝီက သွင်းယူပေးခဲ့ပါတယ်။
ဒန်နီလို ဒမ်ဘလိုဆီယို ပထမပိုင်းထုတ်ပယ်ခံရပြီးနောက် မွန်ဇာအသင်းဟာ ၁၀ ယောက်နဲ့ မိနစ် ၅၀ ကျော်ကစားခဲ့ရပါတယ်။
မော်ရင်ဟိုဟာ ပြိုင်ဘက် ကစားသမားနဲ့ နည်းပြခုံတန်းဆီကို 'ငိုကြွေး'တဲ့ အမူအရာလုပ်ပြပြီးနောက် နာကျည်အချိန်ပိုအတွင်း အနီကတ်ပြခံခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် ရိုးမားဟာ မွန်ဇာရဲ့ ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို အဆုံးသတ်နိုင်ခဲ့ပြီး ထိပ်ဆုံး ၄ နေရာနဲ့ သုံးမှတ်အကွာကို ရောက်ရှိခဲ့ပါတယ်။
“ဘာကြောင့် ကျနော် အနီကတ်ပြခံခဲ့ရလဲတော့ မသိပါဘူး၊ ခုံတန်းဆီကို ကျနော့် ကိုယ်ဟန် အမူအရာလုပ်ခဲ့ရုံပါ။ ဘာစကားတစ်ခွန်းမှလည်း မပြောခဲ့ပါဘူး”လို့ မော်ရင်ဟိုက ပြောပါတယ်။
"ကျနော်တို့ အမှားအယွင်းတွေ အများကြီးလုပ်ခဲ့သလို ကစားသမားတွေကလည်း ပွဲပန်းဒဏ်ကို ခံစားခဲ့ရပါတယ်။ ဒါဟာ နည်းစနစ်ပိုင်း အဆင့်နိမ့်တဲ့ ပွဲတစ်ပွဲဖြစ်ပေမယ့် စိတ်ခံစားမှု အရမ်းကောင်းတဲ့ ပွဲတစ်ပွဲပါ။"
(BBC)