“Descendants of the Sun” ဇာတ်ကား ကြည့်ရှုမှုနှုန်း ထိပ်ဆုံး၌ ရပ်တည်နေဆဲဖြစ်

“Descendants of the Sun” ဇာတ်ကား ကြည့်ရှုမှုနှုန်း ထိပ်ဆုံး၌ ရပ်တည်နေဆဲဖြစ်

“Descendants of the Sun” ဇာတ်လမ်းတွဲသည် ပြီးခဲ့သည့် သီတင်းပတ်က ဇာတ်လမ်းတွဲ နောက်ဆုံးပိုင်း ထုတ်လွှင့်ပြသခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကြည့်ရှုသူ ၁၇ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ ကြောင်းနှင့် ယင်းက ဇာတ်လမ်းတွဲ လူကြိုက်များမှု မြှင့်တက်မှုကို ပြသနေသည်။

ပထမဇာတ်လမ်းတွဲ အပိုင်းသုံးပိုင်းကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ပြသခဲ့သည်။ အပိုင်း ၁၆ ပိုင်းကို ပြန်လည် ထုတ်လွှင့်ပြသခဲ့ကြောင်းနှင့် ယင်းဇာတ်ကားသည် ဇာတ်ဆောင်များဖြစ်ကြသည့် မင်းသား ဆောင်ဂျောင်ကီနှင့် မင်းသမီး ဆောင်ဟေဂျိုတို့အကြား အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

“Descendants of the Sun” ဇာတ်လမ်းတွဲသည် တစ်ချိန်တည်း ပြသခဲ့သော ပြိုင်ဘက်ဇာတ် ကားများကို ကျော်လွန်ကာ လူကြိုက်အများဆုံး ဇာတ်ကားဖြစ်ခဲ့သည်။ MBC ရုပ်သံ ဒရမ်မာဇာတ်ကား “Goodbye, Mr. Black” သည် ကြည့်ရှုမှုနှုန်း ၈ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး SBS ရုပ်သံ ဒရမ်မာဇာတ် ကား “Entertainer” ဇာတ်လမ်းတွဲ ပထမပိုင်းသည် ကြည့်ရှုသူ ၆ ဒသမ၂ ရာခိုင်နှုန်း ရှိခဲ့သည်။

“Descendants of the Sun” ဇာတ်လမ်းတွဲ အထူးအပိုင်းနှစ်ပိုင်းကို  ကြာသပတေးနေ့ ည ၁၀ နာရီနှင့် သောကြာနေ့ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

ဖေဖော်ဝါရီလမှ ဧပြီလအထိ ထုတ်လွှင့်ပြသခဲ့သော KBS2 ရုပ်သံ၏ ဒရမ်မာဇာတ်လမ်းတွဲ “Descendants of the Sun” သည် ပြီးခဲ့သည့် သီတင်းပတ်က အောင်မြင်မှုများ ရရှိခဲ့ကြောင်းနှင့် ဇာတ်လမ်းတွဲ နောက်ဆုံးပိုင်းကို ကြည့်ရှုမှုနှုန်းသည် ၃၈ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly