Time မဂ္ဂဇင်း၏ သြဇာတိက္ကမ အရှိဆုံးသူ ၁၀၀ စာရင်းတွင် နစ်ကီမင်န ပါဝင်

Time မဂ္ဂဇင်း၏ သြဇာတိက္ကမ အရှိဆုံးသူ ၁၀၀ စာရင်းတွင် နစ်ကီမင်န ပါဝင်

နာမည်ကျော် အဆိုတော် နစ်ကီမင်နသည် Time မဂ္ဂဇင်း၏ ကမ္ဘာပေါ် သြဇာတိက္ကမအရှိဆုံး သူ ၁၀၀ စာရင်းတွင် ကန်ဒရစ်ခ်လာမာ၊ အဒဲလ်နှင့် အီဒရစ်အယ်လ်ဘာတို့နှင့်အတူ ပါဝင်လာခဲ့သည်။

သြဇာတိက္ကမအရှိဆုံး စာရင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်၊ တင်ကွတ်ခ်နှင့် ကာတလေဂျန် နာတို့လည်း ပါဝင်ခဲ့သည်။

“မင်နဟာ သြဇာတိကမ္မရှိတဲ့သူ ဖြစ်တယ်။ သူမဟာ မှန်ကန်တဲ့အရာအားလုံးကို လုပ်ဆောင် နေတယ်။ သူမဟာ တေးဂီတသမိုင်းမှာ အကောင်းဆုံး လုပ်နိုင်တဲ့သူတစ်ဦး ဖြစ်လာမှာဖြစ်တယ်” ဟု မင်န၏ ဆရာဟောင်းဖြစ်သူ လီဝေက ပြောကြားခဲ့သည်။

အဆိုတော် အရီနာဂရိတ်၊ Star Wars မင်းသား အော်စကာဆုရှင် အိုက်စစ်နှင့် နိုဘယ်ဆုရှင် တာ-နီဟီဆစ်တို့လည်း သြဇာတိက္ကမအရှိဆုံးသူ စာရင်းတွင် ပါဝင်ခဲ့သည်။ အော်စကာဆုရှင် လီယိုနာ ဒိုဒီကာပီရို၊ သရုပ်ဆောင်မင်းသမီး ပရီယမ်ကာချော့ပ်ရာနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ခေါင်းဆောင် ခရစ္စတင်းလာဂါ့ဒ်တို့လည်း ပါဝင်ခဲ့သည်။

Time မဂ္ဂဇင်း၏ နှစ်စဉ်ပြုလုပ်နေကျ သြဇာတိက္ကမအရှိဆုံးသူ စာရင်းသည် ၁၃ နှစ်မြောက်ဖြစ် ပြီး ကမ္ဘာတစ်ဝှမ်းရှိ သြဇာတိက္ကမအရှိဆုံးသူ ၁၀၀ ကို အသိအမှတ်ပြုထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly