ဆလီနာဂိုမက်ဇ် ၎င်း၏ ဘဝအကြောင်း ရိုက်ကူးမည့် ဇာတ်လမ်းတွဲတွင် ထုတ်လုပ်သူ အဖြစ် ဆောင်ရွက်သွားမည်

ဆလီနာဂိုမက်ဇ် ၎င်း၏ ဘဝအကြောင်း ရိုက်ကူးမည့် ဇာတ်လမ်းတွဲတွင် ထုတ်လုပ်သူ အဖြစ် ဆောင်ရွက်သွားမည်

ဟောလီးဝုဒ်မင်းသမီး ဆလီနာဂိုမက်ဇ်သည် မကြာမီ ထုတ်လွှင့်ပြသမည့် ၎င်း၏ ဘဝအ ကြောင်းကို ရိုက်ကူးပုံဖော်ထားသော ဒရမ်မာဇာတ်လမ်းတွဲကို ထုတ်လုပ်သူအဖြစ် ရိုက်ကူးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် အတည်ပြု ပြောကြားထားသည်။

ဂိုမက်ဇ်၏ ဘဝအကြောင်းကို အခြေခံကာ ရိုက်ကူးမည့် အဆိုပါ ဇာတ်လမ်းတွဲသည် ဂိုမက်ဇ်၏ သူငယ်ချင်းများ၊ တေလာဆွဇ်နှင့် ဒီမီလိုဗာတိုတို့ ပါဝင်ခဲ့သော နာမည်ကျော်ကြားခဲ့သည့် အတွင်းရေး ကိစ္စများအကြောင်း ရိုက်ကူးသွားမည် ဖြစ်သည်။

ဂိုမက်၏ ဘဝအကြောင်းကို ပုံဖော်ရိုက်ကူးမည့် အဆိုပါ ဒရမ်မာဇာတ်လမ်းတွဲကို ယခုအချိန်ထိ ဇာတ်ကားနာမည် မပေးရသေးကြောင်း  Deadline တွင် ဖော်ပြထားသည်။ ဇာတ်လမ်းတွဲအတွက် ယခုအချိန်ထိ စာရေးသူ ဆက်သွယ်မှု မရှိသေးသော်လည်း “Entourage” ဇာတ်ကားနှင့် တူညီမည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဆလီနာဂိုမက်ဇ်ကို ဆယ်ကျော်သက်အရွယ် မိဘနှစ်ဦးက မွေးဖွားခဲ့ပြီး ၎င်းငါးနှစ်သမီး အရွယ်တွင် မိဘနှစ်ဦး ကွာရှင်းပြတ်စဲခဲ့သော်လည်း ဆလီနာသည် အသက် ၁၀ နှစ်အရွယ်တွင် ကလေးသရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ မိခင်၏ ထောက်ပံ့မှုသာ ရှိခဲ့သောကြောင့် ဆလီနာ ကြီးပြင်းလာသော ဘဝသည် မကြာခဏဆိုသလို အခက်အခဲများ ရှိခဲ့သည်။

ဂျနက်ဂျက်ခ်ဆင်၊ UFC ကြယ်ပွင့် ရီဒါရာဆီး၊ တင်းနစ်မယ် ဆရီနာ ဝီလျံတို့သည် Lifetime ရုပ်သံလိုင်း၏ အလားတူဇာတ်လမ်းမျိုးနှင့် ရုပ်မြင်သံကြား ဇာတ်လမ်း “The Fempire” အတွက် လက်မှတ်ရေးထိုးထားသော အမျိုးသမီး ကြယ်ပွင့်များ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly