Good Old Days ရုပ်ရှင်ထုတ်လုပ်ရေးမှ သရုပ်ဆောင်သစ်များခေါ်

Good Old Days ရုပ်ရှင်ထုတ်လုပ်ရေးမှ သရုပ်ဆောင်သစ်များခေါ်

ရန်ကုန် ၊ ဧပြီ ၂၁ ။             ။ Good Old Days ရုပ်ရှင် ၊ ဗီဒီယို ထုတ်လုပ်ရေးမှ ဒုတိယမြောက် ရိုက်ကူးမည့် ရုပ်ရှင် ဇာတ်ကား အတွက် လိုအပ်သည့် အဓိက ဇာတ်ဆောင် နေရာများ နှင့် အဓိက ဇာတ်ပို့ နေရာများ အတွက် သရုပ်ဆောင်သစ် များကို စတင် ခေါ်ယူနေပြီ ဖြစ်သည်။

နောက်ရိုက်ကူးမည့် ဇတ်ကားကို ဒါရိုက်တာ ထူးပိုင်ဇော်ဦး မှ ရိုက်ကူးမည် ဖြစ်ကာ သရုပ်ဆောင်သစ်များဖြင့် ပုံဖော် ရိုက်ကူး သွားမည့် ရုပ်ရှင် ဇာတ်ကား ဖြစ်သည်။

ပထမ ရုပ်ရှင် ဇာတ်ကားကြီးမှာ သည်းထိတ်ရင်ဖို ရုပ်ရှင် ဇာတ်ကား ဖြစ်ပြီး ဒုတိယမြောက် ရိုက်ကူးမည့် ရုပ်ရှင် ဇာတ်ကားမှာတော့ ရန်ကုန် လူငယ် မျိုးဆက် များ၏ ဘဝနှင့် အချစ်ကို ထင်ဟပ် စေမည့် Coming Of Age ရုပ်ရှင် အမျိုးအစား ဖြစ်သည်။

ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကား အတွက် လျှောက်ထားသူများ အနေဖြင့် HTOO PAING ZAW OO's DIARY Page တွင် လျှောက်ထား ရမည် ဖြစ်ပြီး သရုပ်ဆောင် (ကျား ၊ မ) အသက် ၁၆ နှစ် မှ ၂၆ နှစ်အတွင်းရှိသူဖြစ်ပြီး ရုပ်ရည်ချောမော ပြေပြစ်ရမည်ဖြစ်သည်။

Training ၊ Rehearsal ၊ Script Reading နှင့် ရိုက်ကူးချိန် စုစုပေါင်း ၆လ မှ ၈ လ အထိ ပေးနိုင်သူဖြစ်ကာ အလုပ်နှင့်အချိန်ကို လေးစားပြီး ကြိုးစားနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် လျှောက်ထားသူ ၁၆၀ကျော် ရှိပြီ ဖြစ်ပြီး ဧပြီ ၃၀ ရက် အထိ လျှောက်ထား နိုင်သလို နောက်ဆုံး အပြီးသတ် ရွေးချယ် ခံရသူများကို ကြေညာ ပေးသွားမည် ဖြစ်သည်။

Good Old Days ရုပ်ရှင် ၊ ဗီဒီယို ထုတ်လုပ်ရေးမှ ပထမ ရိုက်ကူးသည့် ဇာတ်ကားမှား "ည" အမည်ရှိ သဲထိတ်ရင်ဖို ဇာတ်ကား  ဖြစ်ပြီး ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ ထူးပိုင်ဇော်ဦး ဖြစ်ပြီး ထို ဇာတ်ကား အတွက်ကိုလည်း သရုပ်ဆောင်သစ်များ ခေါ်ယူ ခဲ့သည်။

ထိုည ရုပ်ရှင် ဇာတ်ကားတွင် သရိုပ်ဆောင် များ အဖြစ် Russell ၊ ငြိမ်းသော် ၊ နက်ရှိုင်းကို ၊ အောင်ရဲထိုက် ၊ Charming ရဲထွဋ် ၊ မိုးယသော် ၊ မေဆူးမောင် ၊ နန်းခေးမို ၊ နန်းခမ်းဟွမ် တို့အပြင် မြတ်နိုးအေး တို့မှ ပါဝင် သရုပ်ဆောင် ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly