လွတ်ငြိမ်းခွင့်တွင် စာရေးဆရာ ဦးထင်လင်းဦးလည်းပါဝင်

လွတ်ငြိမ်းခွင့်တွင် စာရေးဆရာ ဦးထင်လင်းဦးလည်းပါဝင်
ဓာတ်ပုံ-Htin Lin Oo facebook

ချောင်းဦးမြို့နယ် စာပေဟောပြောပွဲတစ်ခုတွင် ဘာသာသာသနာအားစော်ကားပြောဆိုသည်ဟုဆိုကာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် စာရေးဆရာ ဦးထင်လင်းဦး (Wisdom Villa) ဧပြီ ၁၇ရက် နှစ်ဆန်း ၁ရက်က လွတ်ငြိမ်းခွင့်ဖြင့် မုံရွာအကျဉ်းထောင်မှ ပြန်လွတ်လာြပ်ီ ဖြစ်သည်။

၎င်းကို သုံးပန်လှကျေးရွာတွင် NLD ပါတီမှ ကျင်းပသော ဆရာတော်ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုများအတွက် သာသနာတော်ညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ အခြားသူများ ကိုးကွယ်ယုံကြည်ရာ ဘာသာကိုပုတ်ခတ်ပြောဆိုမှု ၂၉၈ တို့ဖြင့် ၂၀၁၄ မတ်လ ၁၇ရက်တွင်  ချောင်းဦးမြို့နယ် တရားရုံးမှ စွဲချက်တင် အမိန့်ချခဲ့သည်။

၂၀၁၄ နိုင်ဘာ ၂၉ ရက်နေ့က ချောင်းဦး မြို့နယ် သံဃာတော်များမှ သပိတ်မှောက်ခဲ့ကြပြီး ဆရာထင်လင်းဦးမှလည်း ပြန်လည်တောင်းပန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly